သားအမိနှစ်ယောက်လုံး ခွေးကိုက်ခံရတဲ့ ဖြစ်ရပ်

2019-08-13 15:27:34


သားအမိနှစ်ယောက်လုံး ခွေးကိုက်ခံရတဲ့ ဖြစ်ရပ်

ခွေးဆိုရင် ဝေးဝေးကရှောင် သတိထားကြဖို့…သားအမိနှစ်ယောက်လုံး ခွေးကိုက်ခံရတဲ့ ဖြစ်ရပ်တစ်ခုကို ကူးယူတင်ပြပေးလိုက်ပါသည်။


မ​မေ့နိုင်​တဲ့ ​နေ့….. လွန်​ခဲ့တဲ့ ၃ လ ​ကျော်​ သင်္ကြန်​ပြီး ခါစ သားအမိနှစ်​​ယောက်​​ခွေးကိုက်​ခံရတာပါ…


သားမျက်​နှာ အတွင်းချုပ်​ရိုး + အပြင်​ချုပ်​ရိုး​ပေါင်း 8ချက်​ ကိုယ့်​ရဲ့လက်​နဲ့မျက်​နှာ( လက်​က အ​ပေါ်​အောက်​ထုပ်​ချင်း​ပေါက်​8 ချက်​ချုပ်​ရတယ်​…ဘယ်​လက်​မျက်​နှာကမျက်​လုံးရဲ့ ​အောက်​( မျက်​လုံးကန်းဖို့ နည်းနည်းဘဲ လိုတယ်​) မျက်​လုံးထဲပါ​သွေး​ခြေဥလို့ မျက်​စိ​ဆေးခန်း​တွေလဲ ထပ်​ပြ..


သင်​တန်း လဲ၂လ​လောက်​နားလိုက်​ရသလို စိတ်​ဒဏ်​ရာလဲအ​တော်​ရခဲ့တယ်​…ငါ့လက်​ ပြန်​မှ​ကောင်းပါ့မလား​ပေါ့


လက်​​ချောင်း​တွေ ​ကွေးလို့ ဆန့်​လို့မရတာ ၁လ​ကျော်​ဘာမှလဲ မလုပ်​နိုင်​…သားငယ်​အတွက်​လဲ ဆရာမငှား​…ညဘက်​​တွေဆိုအိပ်​မ​ပျော်​ သားမျက်​နှာက ချုပ်​ရိုး​တွေ အိပ်​ရင်းနဲ့ထိမှာဆိုးလို့…ကိုယ့်​လက်​ ထက်​ သား​လေးရဲ့ မျက်​နှာကြည့်​ပြီး .ငါ့သား​လေးမျက်​နှာမှဖြစ်​ရ​လေချင်းဆိုပြီးမျက်​ရည်​နဲ့မျက်​ခွက်​​ပေါ့စိတ်​ဆင်းရဲခဲ့ရတဲ့ ရက်​ ​တွေ အများကြီး​​ကျော်​ဖြတ်​ … စိတ်​တင်း..အားပြန်​​မွေး …(လဲကျ ပြန်​ထ လူ့ဘဝဆိုလား)


သားမျက်​နှာကို Plastic Surgery ဆရာဝန်​နဲ့ထပ်​ပြ ..( 6 လ​နေမှ ​သေခြာပြန်​လုပ်​​ပေးမယ်​​ပြောတယ်​ ခု 3 လရှိခဲ့ပြီ)


(​ခွေး​တွေ အရမ်းရူးကြတဲ့ကာလ ဆို​တော့ ​အရမ်းလဲ​ကြောက်​)


သား​လေးရဲ့ မျက်​နှာက အနာလိုကြီးဖြစ်​ပြီး 2 လ​နေမှအနာ​ပျောက်​တယ်​..ပါရမီ​ဆေးရုံကို 2 လအတွင်းအိမ်​ဦးနဲ့ ကြမ်းပြင်​လိုဘဲ…



ခွေးရူးပြန်​​ရောဂါ ကာကွယ်​​ဆေး​တွေအပြင်​ ​ဖြေ​ဆေးတဲ့( ဒဏ်​ရာ​တွေထဲ အပ်​နဲ့ထိုးထည့်​ရတာ) သားက​မေ့​ဆေးအ​ပျော့စား​ပေးရပြီးကိုယ့်​လက်​က ထုံ​ဆေး… တ​နေကုန်​ခွဲခန်းမှာအချိန်​ကုန်​…


ဖြစ်​ပုံက ……….နယ်​ကိုအလည်​သွားရင်း…April 24 .. မနက်​​စော​စော နံနက်​ ၆ နာရီ​ ပတ်​ဝန်းကျင်​ကဝ မြို့ အ​ဒေါ် အိမ်​..​ရှေ့အိမ်​က​ခွေးအ​ဒေါ်ကမနက်​မနက်​ ဆို ထမင်းအကျန်​​ကို ထမင်းအိုးမတည်​ခင်​ငှက်​စာ ထွက်​​ကျွေး​လေ့ ရှိတယ်​ ​နေ့စဉ်​…




ခွေးမကြီးက( သားကျထားတာ) ထမင်းအကျန်​​တွေကို လာစားဖို့​ကား​အောက်​ မှာ ပုန်းပြီး​စောင့်​… သားငယ်​​လေးက ထမင်းလာစားတဲ့ငှက်​​တွေကိုကြည့်​ဖို့ အထွက်​…သားငယ်​ခြံပြင်​ကိုထွက်​လို့ စိတ်​မချလို့ လိုက်​ထွက်​သွားပြီး သားကို​ပေါင်​​ပေါ်တင်​ သူကြည့်​ချင်​တဲ့ငှက်​​တွေကို ပြ…


ခွေးကရုတ်​တရက်​ ကား​ဘေးက ထွက်​ပြီး ​ပေါင်​​ပေါ်မှာတင်​ထားတဲ့ သားငယ်​မျက်​နှာကိုလှမ်းဟက်​… တားချိန်​မမှီလိုက်​ခင်​ ဒုတိယအကြိမ်​ ထပ်​ကိုက်​.. ကိုယ့်​လက်​နဲ့ သားမျက်​နှာကိုကာ ​ပေး (အ​မေဆို​တော့ ကိုယ့်​လက်​အကိုက်​ခံရမယ်​ဆိုတာသိ​ပေမယ့်​ ကိုယ်​ဘဲ အကိုက်​ခံမယ်​​လေ) အဲ့​တော့ ကိုယ့်​ရဲ့ လက်​ကို မဲပြီးကိုက်​…တံ​တောင်​ဆစ်​​အောက်​က​နေစပြီကိုက်​ တာ လက်​ဖျားကြမှဆွဲပြီးခါပြစ်​လိုက်​တာ…




တတိယတကြိမ်​ ကိုယ့်​ရဲ့မျက်​နှာကို ထပ်​ကိုက်​ ​ဘေးဘီဝဲယာကိုကြည့်​လိုက်​​တော့ ​လက်​တကမ်းအလိုမှာ တုတ်​တ​ချောင်း ​တွေ့လို့ ဒူး​ထောက်​ပြီး​ပြေးယူချိန်​မှာ ​ခွေးက သားငယ်​ရဲ့ ​ခြေ​ထောက်​ကို တရွတ်​တိုက်​ပြီးဆွဲ​နေပါပြီ.. ​​ခွေးက သဲကြီးမဲကြီးနဲ့ ကို ကိုက်​တာပါ …လက်​ထဲကတုတ်​နဲ့ ​ခွေးရဲ့​ခေါင်းကို အမိအရ ရိုက်​လိုက်​​တော့ သား​ခြေ​တောက်​ကိုလွတ်​ပြီး​ ​ခွေးလဲ​ပြေး…


သား​ခြေ​တောက်​​တော့ဒဏ်​ရာမရခဲ့ဘူး ကိုယ့်​ရိုက်​ချက်​မြန်​လို့ သာ​ပေါ့ လက်​ထဲမှာသာ တုတ်​မရခဲ့ရင်​(သို့) ခြံပြင်​ကို လိုက်​မထွက်​ဘဲခပ်​ လှမ်းလှမ်းက သားကို ကြည့်​​နေမိမယ်​ဆိုရင်​ ….မ​တွေးရဲပါဘူး…..


သူ့ အစာစားမယ့်​​နေရာမှာ ကိုယ်​သား အမိနှစ်​​ယောက်​က ထိုင်​​နေမိတာက အပြစ်​​ပေါ့​လေ….


သားကြီးက အိမ်​ထဲမှာ သူ့အ​ဖေက ​နောက်​​ဖေးဘက်​​ရောက်​​နေ အ​ဒေါ်ကလဲ ထမင်းအိုးတည်​​နေချိန်​.. ကိုယ့်​သားအမိ ကခြံစည်းရိုးနဲ့ ရပ်​ထားတဲ့ကားကြားထဲမှာ.. အဖြစ်​ပျက်​က မြန်​ဆန်​လွန်းတယ်​.. ​အော်​သံကြားလို့ သူ့ အ​ဖေ​ပြေးထွက်​လာချိန်​မှာ သားငယ်​ကို​ပွေ့ချီပြီး ကဝ​ဆေးရုံ ​ပြေး…


ကဝ​ဆေးရုံ ကြီးက ကာကွယ်​​ဆေးမရှိလို့ ရန်​ကုန်​ ပါရမီ​ဆေးရုံ​ကို တန်း​မောင်းလာတာ ၁၀ နာရီ​လောက်​ထဲက သားအမိနှစ်​​ယောက်​ ချုပ်​လိုက်​ ​ဆေးထည့်​လိုက်​နဲ့ ည​နေ ၅ နာရီမှအိမ်​ပြန်​​ရောက်




သားကျထားတဲ့​ခွေးဆို​တော့ သူ ဗိုက်​အရမ်းစာ​နေလို့ ​နေမယ်​​ပေါ့ တညလုံးသူ့သားသမီး​တွေကို နို့တိုက်​ထား​တော့ မနက်​မိုးလင်း သူဗိုက်​စာပြီ​ပေါ့ နို့တိုက်​ရတဲ့မိခင်​​တွေဆို သိတယ်​ ​လေ တညလုံး ခ​လေးနို့ဆွဲပြီဆို မနက်​ဆို ဗိုက်​မတရားဆာ လူ​တွေ ဆိုရင်​​တော့ အိုဗာတင်း​လေး​ဖျော်​​သောက်​​ပေါ့…​ခွေးဆို​တော့ ……..


ခွေးကိုလဲ မမုန်းသလို သူ့ကိုလဲမသတ်​ချင်​ခဲ့ဘူး ​နောက်​ရက်​မှာ…. ​ခွေးမကြီးကို ကာကွယ်​​ဆေးထိုး ​ပေးမလို့ လုပ်​တဲ့ အချိန်​မှာဘဲ ရက်​ကွက်​ထဲ က လူ​တွေက ဝိုင်းပြီးသတ်​လိုက်​ကြပြီတဲ့​လေ..


နယ်​​တွေမှာ​ခွေးတ​ကောင်​အရမ်းကိုက်​ပြီဆိုရင်​သတ်​ပစ်​လိုက်​ကြတာဘဲ ကျန်​ခဲ့ တဲ့ ​ခွေး​လေး​တွေအတွက်​စိတ်​မ​ကောင်းဘူး​ပေါ့..​လေ…ဒါ​ပေမယ့်​လဲ




အိမ်​ရှင်​ကလဲ ဘာတာဝန်​မှမယူသလို သူ့​ခွေမဟုတ်​ဘူးငြင်းတယ်​..


ခွေး ​တွေကို အစထဲက ချစ်​ခြင်းမုန်းခြင်း မရှိ​ပေမယ့်​ ခုဆိုရင်​…မျက်​စိ​ရှေ့မှာမမြင်​ချင်​​တော့တာအမှန်​ပါ…


သားနှစ်​​ယောက်​လုံးကလဲ ​ခွေး​တွေဆို တအား​ကြောက်​…


ခုဆို ​ကျောက်​​မြောင်း ကျားကွက်​သစ်​ လမ်း​ပေါ်မှာ ​ခွေး​တွေ မှ အုပ်​လိုက်​…သား​တွေက ​ခွေး​တွေမြင်​ရင်​ အတင်း​တွေခွတက်​..


လမ်း​လျောက်​ဖို့​တောင်​ အစဉ်​မ​ပြေဘူး ​ကျောက်​​မြောင်းမှာက..


အရာအားလုံးက ကံစီမံပြီဆိုရင်​ခံရတာပါဘဲ….


ကိုယ်​သားအမိနှစ်​​ယောက်​က ​ခွေးကိုမျက်​စိ​နောက်​​အောင်​မလုပ်​သလိုသားကလဲ​ပြေးလွှား​နေတာမဟုတ်​ဘူး…ငြိမ်​ငြိမ်​​လေးထိုင်​​နေရက်​နဲ့ ကိုဖြစ်​တာပါ…


ကိုယ့်​ရင်​​သွေး​တွေကို ထပ်​ချက်​မကွာဂရုစိုက်​ကြပါ…..


မျက်​စိတမှိတ်​အတွင်းဘာမဆိုဖြစ်​နိုင်​ပါတယ်​….


Zin Mar Myint