အားသွင်းထားတဲ့ဖုန်းကို ရေချိုးရင်းအသုံးပြုခဲ့တဲ့ (၁၁)နှစ်သမီးလေးရဲ့ ဝမ်းနည်းဖွယ်အဖြစ်

2020-02-29 01:26:08


အားသွင်းထားတဲ့ဖုန်းကို ရေချိုးရင်းအသုံးပြုခဲ့တဲ့ (၁၁)နှစ်သမီးလေးရဲ့ ဝမ်းနည်းဖွယ်အဖြစ်

အားသွင်းထားတဲ့ဖုန်းကို ရေချိုးရင်းအသုံးပြုခဲ့တဲ့ (၁၁)နှစ်သမီးလေးရဲ့ ဝမ်းနည်းဖွယ်အဖြစ်


အသက်(၁၁)နှစ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ဟာ ရေချိုးနေရင်း၊ အားသွင်းထားတဲ့ဖုန်းကို အသုံးပြုခဲ့တာကြောင့် ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးမလေးဟာ သြစတီးယားနိုင်ငံ၊ ဆွစ်ဇာလန်နယ်စပ်အနီးက Dornbirn မြို့အနီးမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တာပါ။ ကလေးမလေးရဲ့အလောင်းကို မိခင်ဖြစ်သူက အဦးဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မိခင်က ရေချိုးခန်းထဲကနေ ပြန်ထွက်မလာတဲ့ သမီးကို စိုးရိမ်ပြီး၊ ရေချိုးခန်းထဲကို ဝင်ကြည့်ခဲ့တာပါ။ တံခါးက လော့ချထားလို့ ခက်ခက်ခဲခဲ ဖွင့်ခဲ့ရပါတယ်။

 

အခင်းဖြစ်ချိန်မှာ ကလေးမလေးရဲ့ ဦးလေးဖြစ်သူလည်း နေအိမ်မှာ အတူရှိနေတဲ့အတွက် သူရဲ့အကူအညီနဲ့ တံခါးကို ဖွင့်ခဲ့ရပါတယ်။ အခင်းဖြစ်ရာနေရာကို ဆေးအဖွဲ့အမြန်ခေါ်ခဲ့သော်လည်း ဘာမှ မတက်နိုင်ခဲ့ကြပါဘူး။ ဒီလိုအဖြစ်အပျက်ဟာ လူရဲ့ အသိဉာဏ်နည်းမှု များမှုနဲ့လည်း ဆိုင်ပါတယ်။


ဒီကောင်မလေးဟာ အသက်(၁၁)နှစ်မို့ ရေချိုးရင်း အားသွင်းထားတဲ့ ဖုန်းကိုသုံးရင် အန္တရာယ်ရှိနိုင်တယ်ဆိုတာ မစဉ်းစားခဲ့မိပါဘူး။ ဒါပေမယ့် ဒီလိုအဖြစ်မျိုး လူကြီးတွေမှာလည်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ ရုရှားမှာ အသက်(၂၂)နှစ်နဲ့ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးနှစ်ဦး အခုလိုဖြစ်ပြီး သီးခြားဆီ သေဆုံးခဲ့ရပါသေးတယ်။


ဒါကြောင့် လျှပ်စစ်နဲ့ နှီှးနွယ်ဆက်စပ်နေတဲ့ ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ ဘေးဒုက္ခဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ လူတိုင်း ဦးဦးဖျားဖျား စဉ်းစားကြဖို့ လိုပါတယ်။ ဓာတ်လိုက်ရင် ဆေးမမီပါဘူး။ ပိုးထိတာတို့ ဘာတို့က ကုသလို့ ရသော်လည်း ပြင်းထန်စွာ ဓာတ်လိုက်ခံရင် သေဖို့သာ ရှိပါတယ်။

လင်းဇော်ကို (D Nae Khit)