ပါကစ္စတန် ကျိုင်းကောင်တွေကို သွားရောက်နှိမ်နင်းမယ့် တရုတ် ဘဲတပ်ရင်း

2020-02-28 22:45:07


ပါကစ္စတန် ကျိုင်းကောင်တွေကို သွားရောက်နှိမ်နင်းမယ့် တရုတ် ဘဲတပ်ရင်း

ပါကစ္စတန် ကျိုင်းကောင်တွေကို သွားရောက်နှိမ်နင်းမယ့် တရုတ် ဘဲတပ်ရင်း


ပါကစ္စတန်နိုင်ငံမှာ ကျိုင်းကောင်တွေ အုပ်လိုက်ကျင်းလိုက် ကျရောက်နေတာကို တိုက်ထုတ်နေရတာအတွက် တရုတ်နိုင်ငံဟာ ဘဲကောင်ရေ တစ်သိန်း အင်အားရှိ တပ်ရင်းတစ်ရင်းကို စေလွှတ်ပြီး ကူညီသွားဖို့ စီစဉ်နေပါတယ်။


ပါကစ္စတန်မှာ နှစ် ၂၀ အတွင်း အဆိုးဆုံး ကျိုင်းကောင်ကျရောက်မှုကို လက်တုံ့ပြန်ရေးအတွက် တရုတ်ပညာရှင်အဖွဲ့ အကြံပေးဖို့ သွားရောက်ခဲ့ပြီးနောက်မှာ အဲဒီ အန္တရာယ်ပေးနေတဲ့ ကျိုင်းကောင်တွေကို စားသောက်တတ်တဲ့ ရေပျော်ဘဲတွေကို ကျိကျန်းပြည်နယ်ကနေ စေလွှတ်သွားဖို့ မဟာဗျူဟာ ချမှတ်လိုက်တာ ဖြစ်တယ်လို့ Ningbo Evening News သတင်းစာက ရေးသားဖော်ပြပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ခန့်က ခုလိုပဲ ကျိုင်းကောင်တွေ ကျရောက်ခဲ့တဲ့ ဘေးကို သဘာဝအလျောက် အင်းဆက်ပိုးမွှားတွေကို စားသောက်တဲ့ ဘဲအုပ်တွေကို တပ်ဖြန့်ခဲ့ပြီး တရုတ်နိုင်ငံ နှိမ်နင်းခဲ့ရာမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။




အခု နည်းလမ်းဟာ ပိုးသတ်ဆေး သုံးတာထက် ပိုကောင်းပြီး ခုလို ဘဲအုပ်တွေနဲ့ ကျိုင်းကောင်အုပ်လိုက်ကြီးကို နှိမ်နင်းတာဟာ အဖိုးလည်းနည်းပြီး သဘာဝပတ်ဝန်းကျင်လည်း မပျက်စီးတဲ့ နည်းလမ်းဖြစ်တယ်လို့ ကျိကျန်းပြည်နယ် စိုက်ပျိုးရေးနည်းပညာသိပ္ပံကြောင်းမှ သုတေသီ လူလီကျိကို ကိုးကားပြီး အဆိုပါ သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ခုလို ကျိုင်းကောင်းနှိမ်နင်းရေးလုပ်ငန်းစဉ်အတွက် ကြက်၊ ငှက်တွေလို ပိုးမွှားတွေ ရှာဖွေစားသောက်တတ်တဲ့ တိရစ္ဆာန်တွေထဲမှာ ဘဲတွေက အသင့်တော်ဆုံး ဖြစ်တယ်လို့ လူလီကျိက ပြောခဲ့ပါတယ်


#Credit#