ခွေးတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့လို့၊ ပိုပြီးစိုးရိမ်စရာဖြစ်လာ

2020-02-28 22:14:44


ခွေးတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့လို့၊ ပိုပြီးစိုးရိမ်စရာဖြစ်လာ

ခွေးတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့လို့၊ ပိုပြီးစိုးရိမ်စရာဖြစ်လာ


ခွေးတစ်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အခြေအနေဟာ ထင်ထားတာထက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ တိရစ္ဆာန်တွေဟာ လူကြားထဲမှာ အလွယ်တကူ ပျံ့နှံ့ကာ သွားလာနိုင်ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ ပိုဖြစ်စရာပါ။ အခုဖြစ်စဉ်မှာ ခွေးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတစ်ဦးက ပိုင်ဆိုင်တာဖြစ်ပြီး၊ ဒီကူးစက်မှုမှာ ဘယ်သူ့ဆီက စတင်ခဲ့သလဲဆိုတာ ပြောဖို့မလွယ်ပါဘူး။ ပိုင်ရှင်ရောဂါသည်ရဲ့အမည်မှာ Yvonne Chow Hau Yee ဖြစ်ပြီး ဟောင်ကောင်မှာ နေပါတယ်။

 

သူမရဲ့ ခွေးလေးကတော့ Pomeranian အမျိုးအစားဖြစ်ပြီး၊ နေမကောင်းဖျားနာတဲ့ ရောဂါလက္ခဏာဖြစ်နေလို စမ်းသပ်စစ်ဆေးခဲ့ရာ၊ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အဖြေထွက်ပေါ်လာခဲ့တာပါ။ ဟောင်ကောင် အာဏာပိုင်တွေကတော့ တိရစ္ဆာန်ပိုင်ဆိုင်ထားမှုတွေဟာ စိုးရိမ်စရာ ဖြစ်လာခဲ့ပြီလို့ ဝန်ခံခဲ့ပါတယ်။


ခွေးလေးကိုတော့ ဗုဒ္ဓဟူးနေ့ကတည်းက စောင့်ကြပ်ကြည့်ရှုနေပါတယ်။ အခုဆို ကမ္ဘာတစ်လွှမ်း ဗိုင်းရပ်စ်ကူးစက်မှုဟာ (၈၃၃၉၁)အထိ ရှိသွားပြီဖြစ်ပြီး၊ အတော်လေးကို ပေါ့ဆလို့မသင့်တော့တဲ့ အနေအထား ဖြစ်နေပါတယ်။ မိမိကိုယ်ကို အသိဉာဏ်နဲ့ ကြိုးစားကာကွယ်ရင်း နေထိုင်ရတော့မယ့် သဘောပါ။


သေဆုံးသုဦးရေကတော့ (၂၈၅၈)ဦးရှိပြီဖြစ်ပါတယ်။ နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ဝူဟန်ဓာတ်ခွဲခန်းမှတစ်ဆင့် အိမ်နေလင်းနို့ အကောင်(၆၀၀)ဆီကို ဗိုင်းရပ်စ်ကူးစက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ငြင်းဆန်ထားပါတယ်။

လင်းဇော်ကို (D Nae Khit)