ဂျပန်အမျိုးသမီးတစ်ဦး ကိုရိုနာ ပျောက်ကင်းပြီး သီတင်းပတ်အကြာမှာ ပြန်လည် ကူးစက်ခံရ

2020-02-28 11:58:24


ဂျပန်အမျိုးသမီးတစ်ဦး ကိုရိုနာ ပျောက်ကင်းပြီး သီတင်းပတ်အကြာမှာ ပြန်လည် ကူးစက်ခံရ

ဂျပန်အမျိုးသမီးတစ်ဦး ကိုရိုနာ ပျောက်ကင်းပြီး သီတင်းပတ်အကြာမှာ ပြန်လည် ကူးစက်ခံရ


ဂျပန်နိုင်ငံမှာ ခရီးသွားဧည့်သည်ဘတ်စ်ကားလမ်းညွှန် လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားလို့ ပျောက်ကင်းကုသအပြီး သီတင်းပတ်တွေအတွင်းမှာပဲ နောက်တစ်ကြိမ် ကိုရိုနာဖြစ်ပွားတာကို စစ်ဆေးတွေ့ရှိကြောင်း အိုဆာကာစီရင်းစုအစိုးရက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။


ကိုရိုနာကူးစက်မှုအရေး စိုးရိမ်ပူပန်လျက် ရှိနေကြချိန်မှာ နိုင်ငံအတွင်း ပထမဆုံးအဖြစ် လူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် နှစ်ကြိမ် ကူးစက်ခံရမှုလည်း ဖြစ်ပါတယ်။


ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈၆ ဦးအထိ ရှိလာချိန်မှာ ခုလို လူတစ်ဦးကို နှစ်ကြိမ်ကူးစက်မှု ဖြစ်ပွားပေါ်ပေါက်တာပါ။ တိုကျိုမြို့မှာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွေ ကျင်းပဖို့ ရှိနေဆဲဖြစ်ပေမယ့် ရောဂါထိန်းချုပ်ရေးအတွက် သီတင်းနှစ်ပတ်အလိုမှာ အားကစားပြိုင်ပွဲတွေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ တိုက်တွန်းဆော်ဩထားပါတယ်။


ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုရိုနာကူးစက်မှု ၁၈၆ ဦးဆိုတာဟာ ဒီလအစောပိုင်းက ရောဂါခြေချုပ်နဲ့ ထားခဲ့ရတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကူးစက်မှု ၇၀၄ ဦး မပါဝင်ပါဘူး။ ကိုရိုနာကြောင့် သေဆုံးသူဟာ သင်္ဘောပေါ်က လေးဦး အပါအဝင် ခုနစ်ဦး ရှိပြီဖြစ်ပါတယ်။


အခု ကိုရိုနာနှစ်ကြိမ် ကူးစက်ခံရတဲ့ အမျိုးသမီးဟာ ဇန်နဝါရီနှောင်းပိုင်းက ကိုရိုနာကူးစက်ခံရကြောင်း ပထမဆုံး တွေ့ရှိပြီး ဆေးရုံတက် ကုသရာက ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်လည်နာလန်ထလာပြီး ဆေးရုံက ဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာ ဗုဒ္ဓဟူးနေ့က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရကြောင်းကို စစ်ဆေးတွေ့ရှိပြန်တာ ဖြစ်ပါတယ်။


Rf; The Straits Times


Writer_ မောင်သံဆင့်(XYZ News)