မြင့်မြတ်သောရေဖြင့် တင်ပါး,ဆေးခဲ့တဲ့စုံတွဲကို အင်ဒိုလူမျိုးများဒေါသထွက်နေ

2019-08-13 14:55:48


မြင့်မြတ်သောရေဖြင့် တင်ပါး,ဆေးခဲ့တဲ့စုံတွဲကို အင်ဒိုလူမျိုးများဒေါသထွက်နေ

အင်ဒိုနီးရှုားနိုင်ငံကို ရောက်ရှိခဲ့တဲ့ နိုင်ငံခြားသားစုံတွဲတစ်တွဲဟာ မြင့်မြတ်တဲ့ရေလို့ ဒေသခံတွေ ယုံကြည်နေတဲ့ စမ်းချောင်းရေကို တင်ပါးဆေးပြီး စော်ကားခဲ့တဲ့အတွက် ဒေသခံတွေက အလွန်စိတ်ဆိုးနေကြပါတယ်။ အဲဒီစုံတွဲဟာ ဘာလီမှာပဲ ရှိနေသေးတယ်လို့ ယူဆရပါတယ်။


အဲဒီစုံတွဲရဲ့နာမည်ကိုတော့ Sabina Dolezalova နဲ့ Zdenek Slouka တို့အဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။ Dolezalova ဟာ အင်စတာဂရမ်မော်ဒယ်တစ်ယောက်ဖြစ်ပြီး၊ တင်ပါးရေးဆေးနေပုံကို သူမရဲ့ အင်တာဂရမ်မှာ ဗွီဒီယိုဖိုင်တင်ခဲ့တာပါ။




အဲဒီချောင်းရေဟာ ဘုရားကျောင်းတားမြစ်ကန့်သတ် နယ်မြေအတွင်းမှာ ဖြတ်သန်းစီးဆင်းနေတာဖြစ်ပြီး၊ အဲဒီနယ်မြေမှာ မြင့်မြတ်တဲ့ ဝိဉာဉ်တွေ ပျော်မြူးရာနေရာ၊ မြန်မာလို အယူအဆဆိုရင် နတ်ကြီး နတ်ကိုင်တတ်တဲ့ နေရာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီနေရာကို Dolezalova တို့က မခန့်လေးစား လုပ်ခဲ့တာပါ။




သူတို့တစ်တွေကို ဘာလီက ထွက်သွားခွင့်မပြုဘဲ တရားစွဲဆိုဖို့ အင်ဒိုအများစုက တောင်းဆိုနေကြပါတယ်။ လွှတ်တော်အမတ် Arya Wedakarna က သူတို့ကို Sacred Monkey Forest Sanctuary မှာ မလေးမစားလုပ်မှုနဲ့ မကြာမီမှာ တရားစွဲနိုင်ရေး ကြိုးပမ်းနေပါသတဲ့။




Dolezalova တို့စုံတွဲဟာ အင်စတာဂရမ်ကနေ မကြာမီမှာ ပြန်တောင်းပန်ခဲ့ပြီး၊ အကောင့်ကိုလည်း Deactive လုပ်လိုက်ပါတယ်။ ဒါပေမယ့် အင်ဒိုဒေသခံတွေက ခွင့်လွှတ်သေးခြင်းမရှိဘဲ၊ သူတို့ကို အမြန်တရားစွဲဆို ရုံးတင်နိုင်ရေးကိုသာ အရေးဆိုနေကြတယ်လို့ သိရပါတယ်။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : NextShark