ကီလိုရောင်းဝယ်ဆိုင် တစ်ခုတွင် လောင်ချာပစ် M6 60 ဗုံးသီးမှန်းမသိပဲ ထိုင်ပြီးဖြတ်တောက်လိုက်သဖြင့် ဗုံးသီးကပေါက်ကွဲဖြစ်

2020-02-27 22:28:15

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ကီလိုဆိုင် တစ်ခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်ခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်းအတွင်းရှိ မိန်းကီလိုရောင်းဝယ်ရေးဆိုင်အလုပ်သမား အမျိုးသမီး အသက်(၅၃)နှစ်သည် နေ့စဉ်ပုံမှန် ကီလိုဆိုင်၌ဝယ်ယူထားသော

သံတိုသံစပစ္စည်းများကို ဖြတ်တောက်ခြင်း အပြားဖြစ်အောင်ထုလုပ်ခြင်းများပြုလုပ်ရာ လောင်ချာပစ် M6 60 ဗုံးသီး ကို ၎င်း အမျိုးသမီးက မသိရှိပဲထိုင်ပြီး ဖြတ်တောက်လိုက်သဖြင့် ဗုံးသီးကပေါက်ကွဲမှုဖြစ်ကာ

အမျိုးသမီး၏ ခြေနှစ်ဘက် ညာဘက်မျက်နှာ အမျိုးသမီးမိန်းမကိုယ်အနီး နှင့် ပေါင်ကြားတွေမှာ ဗုံးပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာများရရှိ၍ သက်ဆိုင်ရာ တာဝန်ရှိသူများက တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်အချိန်မှီ ပို့ဆောင်ထားကြောင်းသိရသည်။

ဗုံးသီး ပေါက်ကွဲမှုကြောင့် ကီလိုဆိုင်ခေါင်မိုး နှင့် အနီးအနားရှိ ပစ္စည်းများတွင် အပေါက်များဖြစ်သွားတာ တွေ့ရှိရသည်။ဖြစ်စဉ်နှင့် ဗုံးသီး ရောက်ရှိနေမှုအကြောင်းကို တာချီလိတ်မြို့ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းမေးမြန်းမှုပြုလုပ်နေကြောင်း ကနဦး သတင်းသိရှိရသည်။Source :Shan State