မန္တလေးတွင် အမျိုးသားလေးဦးက ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ခေါ်ယူပျော်ပါးပြီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှုဖြစ်ပွား

2020-02-27 18:28:45


မန္တလေးတွင် အမျိုးသားလေးဦးက ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ခေါ်ယူပျော်ပါးပြီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှုဖြစ်ပွား

မန္တလေးတွင် အမျိုးသားလေးဦးက ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ခေါ်ယူပျော်ပါးပြီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှုဖြစ်ပွား


မန္တလေးမြို့တွင် အမျိုးသားလေးဦးက ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးကို ခေါ်ယူပျော်ပါးပြီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်မှု ဖေဖော်ဝါရီ (၁၉)ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖေဖော်ဝါရီ(၂၀)ရက် နေ့လည်ပိုင်းက မန္တလေးမြို့ အနီး ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းကျေးရွာ ဘိုးဘိုးကြီးနတ်နန်းသွား ကားလမ်းအနီး တောစပ် ရေအိုင်အတွင်း အသက်(၃၅)နှစ်ခန့်အရွယ် အမျိုး- သမီး အလောင်းတစ်လောင်း တွေ့ရှိရ၍ အုန်းချော နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်ကာ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့သည်ဟု ဆိုသည်။


ထို့နောက် ဖေဖော်ဝါရီ(၂၅)ရက်တွင် ဆေးရုံကြီးရှိ မှုခင်းဆရာဝန်မှ အဆိုပါ အမျိုးသမီးသည် လည်ပင်း တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးစာပြန်ကြာချက်အရ အုန်းချောနယ်မြေရဲစခန်း တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းတွင် ခိုးမှုဖြင့် ဖမ်းဆီးထား သည့် အသက်(၃၈)နှစ်အရွယ် လားရှိုးမြို့နေသူ ဆန်းမင်းဦး ဆိုသူကို စစ်ဆေးရာမှ လူသတ်မှု ကျူး လွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။


အဆိုပါအမျိုးသားအား စစ်ဆေးချက်အရ ၎င်းနှင့် အတူ အခြားအမျိုးသားသုံးဦး စုစုပေါင်း အမျိုးသား လေးဦးသည် ဖေဖော်ဝါရီ(၁၉)ရက် ညနေပိုင်းက ၎င်းနှင့် ခင်မင်ရင်းနှီးပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အသက်(၃၅)နှစ်အရွယ် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနေသူကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင် ကာ ပုသိမ်ကြီးမြို့နယ် ဂွေ့ကြီးကုန်းကျေးရွာ ဘိုးဘိုး- ကြီးနတ်နန်း အရှေ့ဘက်လမ်းကြား၊ တောစပ် ရေအိုင် အနီးရှိ ခြုံစပ်တွင် အရက်သေစာ သောက်စားခဲ့ကြ သည်ဟုဆိုသည်။


ထို့နောက် အဆိုပါ အမျိုးသမီးအား တစ်လှည့်စီ ပျော်ပါးရာမှ အားချန်ဆိုသူ၏ အလှည့်ရောက်တွင် အမျိုးသမီးမှ အော်သံကြား၍ ကြည့်ရာ အားချန်မှ အမျိုးသမီးအား လည်ပင်းညစ်၍ ညိုကြီးဆိုသူမှ ဦးခေါင်းအား လက်သီးဖြင့် ထိုးနေသည်ကို တွေ့ရ ကြောင်း၊ ထို့နောက် အမျိုးသမီးမှာ သတိလစ်မေ့မျော သွားခဲ့ပြီး အားချန်မှ အမျိုးသမီအား ရေအိုင်ထဲသို့ ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်- တမ်းတွင် ဖော်ပြထားသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် အမျိုးသားအပြင် ကျန်ရှိနေသည့် အမျိုးသားသုံးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#Mandalay_Indepth_News