အနှိပ်ခန်းအမည်ခံ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူ၊ ထောင်(၄၁)နှစ် ချမှတ်ခံရဖို့ရှိ

2019-08-13 14:46:25


အနှိပ်ခန်းအမည်ခံ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူ၊ ထောင်(၄၁)နှစ် ချမှတ်ခံရဖို့ရှိ

အမေရိကန် မေရီလန်းပြည်နယ်မှာ အနှိပ်ခံအမည်ခံ၊ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ ပိုင်ရှင်အမျိုးသမီးဟာ အခုအခါမှာတော့ ထောင်ဒဏ် (၄၁)နှစ်အထိ ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Emily Zhang Lawrence ဖြစ်ပါတယ်။


Emily ဟာ အသက်(၄၇)နှစ်ဖြစ်ပြီး၊ Reflexology Spa အနှိပ်ခန်းကို ပိုင်ဆိုင်ပါတယ်။ ယင်းဆိုင်ခန်းကို ဒေသခံတွေကတော့ Rose’s Spa လို့လည်း ခေါ်ကြပါတယ်။ သူမဟာ လူကုန်ကူးခြင်း၊ တရားမဝင် ပြည့်တန်ဆာလုပ်ငန်း၊ အသက်မပြည့်သေးသူတွေကို ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း-




စတဲ့ စွပ်စွဲချက်တွေကြောင့် ထောင် (၄၁)နှစ်အထိ ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ Emily ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စတင်စစ်ဆေးခဲ့တာဖြစ်ပြီး၊ Rockville မှာတည်ရှိတဲ့ သူမရဲ့အနှိပ်ခန်းဟာ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းတွေ လည်ပတ်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေးခဲ့တာပါ။




အဲဒီကို သွားရောက်ပျော်ပါးခဲ့တဲ့ အမျိုးသားဧည့်သည် (၆၀)ကျော်ကို ရဲက ခေါ်ယူစစ်ဆေးမှုတွေ ရှိခဲ့ပြီး၊ ဒီအထဲက (၁၈)ယောက်က သူတို့ဟာ ပြည့်တန်ဆာလုပ်ငန်းတွေအတွက် ငွေပေးချေခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ Emily ကို ဇူလိုင်(၂၄)မှာ စတင်ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။




သူမဟာ တရုတ်နိုင်ငံဖွားတစ်ဦးဖြစ်ပြီး၊ သူမဟာ အာရှနွယ်ဖွား ကောင်မလေးတွေကို လူကုန်ကူးမှုမှာလည်း အဓိကပါဝင်ပတ်သက်နေသူလို့ ရဲက မီးခိုးကြွက်လျှောက်လိုက်ရင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဇူလိုင် (၂၅)မှာ သူမကို အာမခံ ဒေါ်လာ(၇၅၀၀)နဲ့ ပြန်လွှတ်ခဲ့ပြီး၊ သြဂုတ်(၃၀)မှာ သူမအမှုကို ပြန်စစ်မှာပါ။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : NextShark