NUG ရဲ့ငွေတိုက်စာချုပ်ဝယ်ယူမှု့‌ကြောင့် တပ်မတော်အရာရှိ ၁ ဦး ဉပဒေချို‌း‌ဖောက်မှုဖြင့် ဖမ်းဆီးခံရ


NUG ရဲ့ငွေတိုက်စာချုပ်ဝယ်ယူမှု့‌ကြောင့် တပ်မတော်အရာရှိ ၁ ဦး ဉပဒေချို‌း‌ဖောက်မှုဖြင့် ဖမ်းဆီးခံရ

NUG ရဲ့ငွေတိုက်စာချုပ်ဝယ်ယူမှု့‌ေကြာင့် တပ်မတော်အရာရှိ ၁ ဦး ဉပဒေချို‌း‌ေဖာက်္မှု့ဖြင့် ဖမ်းဆီးခံရ ကြောင်းသိရှိရပါသည်။


ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ် (၁၁)ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၁၁) မှ စစ်တပ်အရာရှိ ၁ ဦး အမျိုးသားညီညွတ်ရေး အစိုးရ-NUG က ရောင်းချသည့် ငွေတိုက်စာချုပ် ဝယ်ယူသည်ဟုဆိုကာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။


ဖမ်းဆီးခံရသူမှာ ဗိုလ်ကြီး ဝင်းကိုကိုအုန်း ဆိုသူဖြစ်ပြီး ၄င်း၏စမတ်ဖုန်းအတွင်းမှ NUG အစိုးရ ထံမှ ငွေတိုက်စာချုပ်ဝယ်ယူထားသည့် အ ထောက်အထားများတွေ့ ရှိသည်ဟုဆိုကာ အဆို ပါစစ်တပ်တာဝန်ရှိသူများမှ ဖမ်း ဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် အဆိုပါ ဗိုလ်ကြီးသည် တပ်တွင်းသတင်း များပြင်ပသို့ပေးပို့နေသည်ဟုဆိုကာ စစ်ကောင် စီတပ်၏စောင့်ကြည့်ခံနေရသူဟု သိရပြီး ယခင်ကပင် တပ်တွင်းဖရဲ သီးဟု စွပ်စွဲခံရသူတစါဦး ဖြစ်ကြောင်း သိရသည်။


” သူ့ကိုအရင်ထဲကဖရဲသီးဆိုပြီးစောင့်ကြည့်နေတာ။ ခုကိစ္စကိုလည်း တစ်ယောက်ယောက်ကပြန်တိုင်တာနေမှာ။ သူ့ဖုန်းကိုယူစစ်တော့ ငွေတိုက်စာချုပ်တွေဝယ်ထားတာတွေ့တယ်ဆိုပြီး ဖမ်းခံရတာ။” ဟု ကပစ(၁၁)တပ် နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။


၄င်းအား ကပစ (၁၁) တပ်တွင်းဗဟိုကင်းအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသိရပြီး စစ်ခုံရုံးဖွဲ့၍ စစ်ဆေးရန်စီစဥနေကြောင်း သိရှိရသည်။


စစ်ကောင်စီအနေဖြင့် ၄င်းတို့၏ တပ်တွင်းတွင်း သတင်းများဖုံးဖိအမှောင်ချနိုင်ရေးအတွက် တပ်တွင်းဒီမိုကရေ စီလိုလားသူ ( ဖရဲသီး) များအား စီမံချက်ရေးဆွဲ၍ စောင့်ကြည့် ဖမ်းဆီးမှု့များလုပ် ဆောင်နေကြောင်း သိရပါသည်။