ချဲလ်ဆီးကို ဂိုးပြတ် နိုင်ခဲ့တဲ့နောက် ယူနိုက်တက်တို့ မဖြစ်မနေ လုပ်ဆောင်ရတော့မယ့် အရာတစ်ခုကို ပြောကြားသွားတဲ့ #ဖီးလ်နဗီးလ်

2019-08-12 23:08:17


ချဲလ်ဆီးကို ဂိုးပြတ် နိုင်ခဲ့တဲ့နောက် ယူနိုက်တက်တို့ မဖြစ်မနေ လုပ်ဆောင်ရတော့မယ့် အရာတစ်ခုကို ပြောကြားသွားတဲ့ #ဖီးလ်နဗီးလ်

ချဲလ်ဆီး အသင်း ကို ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာ အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို ဆက်လက် ထိန်းသိမ်း နိုင်ရေး အတွက် အသင်း ဟောင်း အနေ နဲ့ စွမ်းနိုင် သမျှ အားထုတ် ရမယ် လို့ သရဲနီ တို့ရဲ့ ကစားသမား ဟောင်း ဖီးလ် နဗီးလ် က ဆိုသွား ခဲ့လိုက် ပါတယ် ။


ချဲလ်ဆီး ကို 4 – 0 နဲ့ အနိုင် ရရှိ ခဲ့တဲ့ အဆိုပါ ပွဲစဉ် ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ ဟာ ရပ်ရှ်ဖို့ သွင်းယူ ခဲ့တဲ့ တတိယ ဂိုး နဲ့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်စ် သွင်းယူ ခဲ့တဲ့ စတုတ္ထ ဂိုး တွေကို အကွက် မြင်စွာ ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။


ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် မှ ထွက်ခွာ ဖို့ သတင်း ကြီး နေတဲ့ အချိန် ၊ ရီးယဲ မက်ဒရစ် အသင်း ဖက်မှ အရ ခေါ်ယူ လိုနေ တဲ့ အချိန် အခု လို ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ တာကြောင့် ဖီးလ် နဗီးလ် က အသင်း အတွက် ထူးခြား ကောင်းမွန် တဲ့ အခွင့် အရေး တွေ ဖန်တီး ပေးနိုင် ခဲ့တဲ့ ပေါ့ဂ်ဘာ ကို ဆက်လက် ထိန်သိမ်း ဖို့ မဖြစ် မနေ လုပ်ဆောင် သင့်ကြောင်း အသင်း ဟောင်း ကို တိုက်တွန်း ခဲ့တာ ပဲ ဖြစ်ပါတယ် ။




ဖီးလ် နဗီးလ် ကတော့ ချဲလ်ဆီး နဲ့ ပွဲစဉ် မှာ ပြသ နိုင် ခဲ့တဲ့ ခြေစွမ်း တွေကို ပေါ့ဂ်ဘာ သာ ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့မယ် ဆိုရင် အသင်း ရဲ့ အရေး အပါဆုံး ကစားသမား ဖြစ်နိုင် လိမ့်မယ် လို့ ယုံကြည် နေခဲ့ သူပဲ ဖြစ် ပါတယ် ။


” ကွင်းလယ် တိုက်စစ် ပိုင်းမှာ ဖြစ်ဖြစ် ၊ တောင်ပံ တိုက်စစ် ပိုင်းမှာ ဖြစ်ဖြစ် လျင်မြန် လှတဲ့ ကစားသမား တွေကို ပိုင်ဆိုင် နိုင်တဲ့ အချိန် ယူနိုက်တက် ဟာ ကောင်တာ တိုက်စစ် ကစား ဖို့ အခွင့်ကောင်း တွေ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ”


” အဲ့တာ တွေကို ခေတ္တ ဘေးဖယ် ထားမယ် ဆိုရင် ပေါ့ဂ်ဘာ ဟာ ဒီ ရာသီ အသင်း အတွက် အရေး ပါတဲ့ ကဏ္ဍ တစ်ရပ် မှာ ပါဝင် နိုင် ပါတယ် ။ လူတွေ ကတော့ ပေါ့ဂ်ဘာ ကို ရောင်းချ လိုက်ဖို့ ကိုယ်စီ ပြောနေ ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် အတွက် တော့ ပေါ့ဂ်ဘာ မပါတဲ့ အသင်း အကြောင်း တွေးဖို့ တောင် ခက်ခဲ လှ ပါတယ် ”


” အကယ်လို့ သူသာ ထွက်ခွာ သွားမယ် ဆိုရင် ဒါဟာ ကြီးမား တဲ့ လစ်ဟာ မှု တစ်ခု ဖြစ်သွား ပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ရပ်ရှ်ဖို့ အတွက် ဖန်တီး ပေး ခဲ့တဲ့ တတိယ မြောက် ဂိုးကို ပြုလုပ် နိုင်မယ့် အခြား ကစားသမား မျိုး ပရီးမီးယား လိဂ် မှာ ကျွန်တော် မမြင်တွေ့ မိလို့ ပါပဲ ”



” သူဟာ ဘောလုံး ကို အခုလို မယုံကြည် နိုင်ဖွယ် အနေအထား နဲ့ ပေးပို့ နိုင် ခဲ့တာ ဒါဟာ ပထမ ဆုံး အကြိမ် မဟုတ် ပါဘူး ။ သူ့ဆီ မှာ ဒီလို အရည် အသွေး တွေ ရှိ နေတယ် ဆိုတာ ကျွန်တော် တို့ အမြဲလို မြင်တွေ့ ခဲ့ကြ ရ ပါတယ် ”


” ကျွန်တော် အခု မြင်တွေ့ လိုချင် နေတာ က ပေါ့ဂ်ဘာ အခု လို ခြေစွမ်း နဲ့ စွမ်းဆောင်ရည် တွေကို တစ် ရာသီ လုံး အငြိမ် ထိန်းသိမ်း သွားဖို့ ပါပဲ ။ ဒါ့အပြင် ကျွန်တော် က သူ့ကို အသင်း နဲ့ အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ ခေါင်းဆောင် တစ်ဦး အဖြစ် မြင်တွေ့ လိုချင် ပါတယ် ”


” အကယ်လို့ သူသာ အဲ့တာ တွေကို ဆက်တိုက် လုပ်ဆောင် နိုင် ခဲ့မယ် ဆိုရင် သူဟာ ယူနိုက်တက် ရဲ့ ကြီးကျယ် ခမ်းနား တဲ့ ကစားသမား တစ်ဦး ဖြစ်လာ ပါ လိမ့်မယ် ။ ယူနိုက်တက် ရဲ့ ဂန္ဓဝင် ကစားသမား တစ်ဦး ပေါ့ ။ အဲ့တာ က သူ့ အတွက် စိန်ခေါ် မှု တစ်ခု လည်း ဖြစ်လာ နိုင် ပါတယ် ” လို့ ဖီးလ် နဗီးလ် က ဆိုသွား ခဲ့လိုက် ပါတယ် ။


#Sports_Myanmar