ကလေးနို့တိုက်နေတာကို မြင်ပြီး၊ စိတ်မထိန်းနိုင်ခဲ့တာလို့ ဆိုတဲ့ လူယုတ်မာမုဒိမ်းသမား

2019-07-27 12:55:05


ကလေးနို့တိုက်နေတာကို မြင်ပြီး၊ စိတ်မထိန်းနိုင်ခဲ့တာလို့ ဆိုတဲ့ လူယုတ်မာမုဒိမ်းသမား

အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ မွေးကင်းစကလေးငယ်ကို နို့ချိုတိုက်ကျွေးနေခဲ့ရာ၊ အိမ်နီးနားချင်းအမျိုးသားတစ်ယောက်က ချောင်းမြောင်းကြည့်ခဲ့ပြီး၊ နောက် အဓမ္မကျင့်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ MS လို့ အမည်ကို အတိုကောက် ဖော်ပြထားပါတယ်။


သူမကို အိမ်နီးနားချင်းအမျိုးသားက ချောင်းမြောင်းကြည့်ရှုခဲ့ပြီး၊ သူ စိတ်တွေမထိန်းနိုင်တော့လို့၊ အဆိုပါ အမျိုးသမီးရဲ့နေအိမ်အတွင်းကို ကျူးကျော်ဝင်ရောက်ကာ အဓမ္မကျင့်ခဲ့တာပါ။ အခင်းဖြစ်ချိန်မှာ သူမရဲ့ ခင်ပွန်းက ဟင်းစားအတွက် ဖားရှာထွက်နေတာလို့ ဆိုပါတယ်။




ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားတောင်ပိုင်းက ရွာလေးတစ်ရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တာပါ။ တရားခံကတော့ အသက်(၃၈)နှစ်ဖြစ်ပြီး။ ကလေးမိခင်ကို ဓားနဲ့ခြိမ်းခြောက်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပါတယ်။ နောက်တော့ ရှောင်တိမ်းသွားပါတယ်။




ခင်ပွန်းသည် ဖားကောက်ရာက ပြန်လာတော့ ဇနီးသည် ငိုနေတာကိုတွေ့လို့ မေးကြည့်ရာ အမျိုးသမီးက အကြောင်းစုံ ပြောပြခဲ့ပါတယ်။ ခင်ပွန်းသည်ဟာ တရားခံကို လက်တုန့်ပြန်ဖို့ စိတ်ကူးခဲ့ပေမယ့်၊ စိတ်ကိုထိမ်းပြီး ရဲစခန်းကို တိုင်ကြားခဲ့ရာ၊ နာရီပိုင်းအကြာမှာပဲ တရားခံကို ဖမ်းနိုင်ခဲ့ပါတယ်။ ရဲက စစ်ဆေးနေဆဲပါ။


လင်းဇော်ကို (D Nae Thit)


source : World Of Buzz