တိုက်စစ်မှာပီပီနဲ့ မီးကုန်ယမ်းကုန်ဖွင့်ဖို့ စိတ်လှုပ်ရှားနေမိပြီလို့ ဆိုလိုက်တဲ့ အူဘာ လာကာအတွဲ

2019-08-12 22:58:16


တိုက်စစ်မှာပီပီနဲ့ မီးကုန်ယမ်းကုန်ဖွင့်ဖို့ စိတ်လှုပ်ရှားနေမိပြီလို့ ဆိုလိုက်တဲ့ အူဘာ လာကာအတွဲ

စိန့်ဂျိန်းစ်ပါတ်မှာ ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မှာ အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာဆင်နယ် အသင်းအတွက် ၃မှတ် တန် ဂိုးကို သွင်းယူပေးခဲ့တာကတော့ တိုက်စစ် မှူး အူဘာမီယန် ပဲ ဖြစ်ပါတယ်။ အူဘာမီယန်ဟာ ပြီးခဲ့တဲ့ ရာသီပြိုင်ပွဲစုံ မှာ တိုက်စစ် ကစားဖော် လာကာဇက် နဲ့ အကောင်းဆုံးတွဲဖက်နိုင်ခဲ့ပြီး ၂ဦးပေါင်း သွင်းဂိုး ၅၀အထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ လာကာဇက် က ကြံ့ခိုင်မှု ပိုင်းပြသနာအချို့ရှိနေခဲ့ လို့ နယူးကာဆယ်နဲ့ ပွဲမှာ တဦးတည်း အထောင်ပွဲထွက်လာခဲ့ရတာဖြစ်ပါတယ်။


Auber




အာဆင်နယ်နည်းပြကြီး အူနိုင်း အမ်မရီဟာအဆိုပါ ပွဲစဉ် ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားသမားသစ် တွေ ဖြစ်တဲ့ နီကိုလက်စ်ပီပီ နဲ့ မာတီနယ်လီတို့ကို ထည့်သွင်းအသုံးပြုသွားခဲ့ပါတယ်။အိုက်ဗရီကို့စ် တောင်ပံကစားသမား ပီပီဟာ ယမန်နှစ်ကလိုင်လီအသင်းမှာ သွင်းဂိုး၂၂ ဂိုး အထိသွင်းယူထားနိုင်ခဲ့သူဖြစ်ပြီး လတ်တလော အာဆင်နယ် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ သူနဲ့ တွဲဖက်ကစားခွင့်ရခဲ့တဲ့ အပေါ် အူဘာမီယန်က – ” ပီပီရောက်လာချိန်မှာ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ရပါတယ်။ကျွန်တော်ဟာ လာကာဇက်နဲ့ အတွဲအဖက်မိနေသူဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပြီး သူကလည်း ကျွန်တော့်လိုပဲ စိတ်ထားရှိနေမယ်လို့ ယူဆပါတယ်။


ကျွန်တော်တို့ဟာ အသင်းအတွက်ပဲ ဦးစားပေးကစားတာဖြစ်လို့ ပီပီနဲ့လည်း ကစားရလွယ်ကူမယ်လို့ ထင်ပါတယ်။လေ့ကျင့်ရေးကွင်းမှာ သူနဲ့ ချိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေခဲ့ကြပါတယ်။သူနဲ့တွဲကစားရမယ့်အခိုက်အတန့်တွေ ဟာအတော်လေးကို ပျော်စရာကောင်းပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။ လာကာဇက်ဟာ လိုင်ယွန်ကို အရေးနိမ့်ခဲ့တဲ့ အမ်းမရိတ်ဖလားပြိုင်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာကြုံတွေ့ခဲ့တာဖြစ်ပြီး သက်သာနေပြီဖြစ်ပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာ အရဲစွန့်ပြီးမသုံးခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာလာမယ့် ပွဲမှာတော့ ဘန်လေအသင်းနဲ့ ရင်ဆိုင်ရ မှာဖြစ်ပြီး ကစားသမားတွေကိုအင်ပြည့်အားပြည့်အသုံးပြုလို့ ရနေတာဖြစ်ပါတယ်။




အူဘာမီယန် က ဆက်လက်ပြီး – ” ပီပီနဲ့အတူ ပွဲထွက်ကစားရမယ့် အပေါ် အလုံးက စိတ်လှုပ်ရှားနေကြတယ်လို့ထင်ပါတယ်။သူဟာဂိုးတွေရဖို့ အကူအညီပေးနိုင်တယ်လို့ ကျွန်တော်တို့နားလည်ကြပါတယ်။သူဟာဂန်းနားတွေရဲ့ အရမ်းကောင်းတဲ့လက်နက်ပုန်းနောက်ထပ်တခုလည်းဖြစ်ပါတယ်။ အသင်းသားကောင်းတွေရှိနေချိန်မှာ ဆုံးဖြတ်ချက်တွေခက်ခက်ခဲခဲပြုလုပ်ရတာဖြစ်ပါတယ်။နောက်လာမယ့် အိမ်ကွင်းပွဲစဉ်မှာနည်းပြကြီးရဲ့ ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမယ်ဆိုတာအားလုံးမြင်ရပါလိမ့်မယ်။ကျွန်တော်ကတော့ပြောရမယ်ဆိုရင်သိချင်နေပြီဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။


နယူးကာဆယ်နဲ့ပွဲမှာ မိတ်လန်းနိုင်စ်ရဲ့ အကောင်းဆုံးကြိုးစားဖန်တီးပေးမှုကနေ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အပေါ် အူဘာမီယန်က- ” ရာသီတခုကိုအခုလို စတင်လိုက်နိုင်တာ ဟာ အမြဲ တမ်းကောင်းပါတယ်။ဂိုးသွင်းယူနိုင်ချိန်မှာတော့ ပျော်ရွှင်ကျေနပ်မိပြီး ယုံကြည်မှုကို ခံစားရပါတယ်။ ရာသီသစ်ကို ဒီလိုစနိုင်ခဲ့လို့လည်း ကျေနပ်မိပါတယ်။ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ပုံစံနဲ့ ရာသီသစ်ကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ဒီတကြိမ်မှာတော့ ကောင်းကောင်းကစားပြီး ၃ မှတ်ပြည့်ရယူနိုင်ခဲ့ လို့လည်းပျော်ရွှင် မိပါတယ် ” လို့ပြောခဲ့ပါတယ်။


SM