“ယူတို့က စိတ်ဓါတ်ပဲ” လို့ ဆိုလိုက်ပြန်တဲ့ မပန်


“ယူတို့က စိတ်ဓါတ်ပဲ” လို့ ဆိုလိုက်ပြန်တဲ့ မပန်

PDF တွေကို တိုက်ဖို့ ရှေ့တန်းထွက်ရန် ခေါင်းစဉ်နဲ့ ပျူတွေ၊ ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ထောက်ခံသူတွေကို စာရင်းလာပေးခိုင်းတယ်တဲ့။


ဘောမတွေက အားကိုးရသလေ။ စာရင်းလာပေးတာ ဆယ်ယောက်မပြည့်လို့ တစ်အိမ်တစ်ယောက် စာရင်းပေးရမယ်ဆိုပြီး ဖိအားပေးနေပြီတဲ့။


စစ်တပ်ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေဘက်က တကယ်တိုက်ဖို့ ရှေ့ထွက်သွားတာ PDF သောင်း၊ သိန်းချီ။


မအလဘက်က Online မှာသာ ငိုသံပါကြီးနဲ့ အဘနိုင်မှာ လိုက်အော်နေတာ။ တကယ်စာရင်းပေးတော့ ဆယ်ယောက်မပြည့်ဘူးတဲ့။ ယူတို့က စိတ်ဓါတ်ပဲ။

သွားကြပါဟဲ့


အဘခေါ်နေပြီလေ။


————-


Bond ဝယ်မရသေးဘူးလား။ နွေဦးထီကို ထိုးကြပါ။ တော်လှန်ရေးကို တိုက်ရိုက်ရောက်တဲ့ ငွေပါ။


ဘာခေါင်းစဉ်မို့ ညာခေါင်းစဉ်မို့လို့ ဖီးလ်မတက်ပါနဲ့။ NUG က နိုင်ငံတကာ အဝန်းအဝိုင်းကြားမှာ Legitimacy အရ တပ်ချင်တဲ့ ခေါင်းစဉ်တပ်လိမ့်မယ်။ တကယ်တမ်းက တကယ်တမ်းဖြစ်နေဖို့ အရေးကြီးတယ်မလား။


ထီဆိုတာ အစိုးရတစ်ရပ်ကပဲ တရားဝင်ပြုလုပ်ခွင့်ရှိတဲ့အရာ။ ပြည်သူက စစ်ကောင်စီရဲ့ အောင်ဘာလေထီကို လုံးဝငြင်းပယ်ပြီး NUG ရဲ့ နွေဦးထီကို ရွေးချယ်တာဟာ စစ်ကောင်စီ အသဲအသန် ကြိုးပန်းနေတဲ့ Legitimacy အတွက် ပြင်းထန်တဲ့ လက်သီးချက်ပဲ။


နွေဦးထီဆိုတာ ငွေအတွက်တင်မဟုတ်။ စစ်ကောင်စီလိုချင်တဲ့ Legitimacy ကို ရိုက်ချိုးပစ်တာ။


NUG Bond က $100 က စတာမို့ မတတ်နိုင်သူ၊ စုဝယ်ဖို့ အကမ်းအလှမ်းမရှိသူတွေ နွေဦးထီကို ထိုးပါ။ Bond က ပြည်ပငွေလွှဲမို့ ဝယ်ဖို့ ချိတ်ဆက်မရ ခက်ခဲနေရင် နွေဦးထီကို ထိုးပါ။ Bond လည်း ဝယ်ပြီးပြီ၊ ထီထိုးဖို့တော့ ထပ်တတ်နိုင်ပါသေးတယ်ဆိုရင် နွေဦးထီကို ထိုးပါ။


ငါတို့အစိုးရထီ ငါတို့ထိုးမယ်ဆိုပြီး နွေဦးထီကို အချစ်သည်းကြတာ မှတ်မိကြသေးတယ်မလား။ အခုလည်း မမေ့မလျော့ သွားချစ်ကြဦး။


အရေးကြီးပါတယ်။ နွေဦးထီ သွားထိုးပါ။


ကိုယ့်ဘက်ကလူတွေကို ပြောတာ။ ဟိုဘက်က တစ်ပတ်၂ သိန်းနဲ့ အရစ်ကျထုတ်ရမယ့် ဖွင့်ချင်ဖွင့်မယ် ဖွင့်ချင်မှဖွင့်မယ် အောင်ဘာလေထီထိုးမယ့် ဘွတ်အဲတွေ မပါ။


————–


လိုင်းခန်းအပြင်ထွက်တာနဲ့ စစ်မြေပြင်ဖြစ်နေပြီတဲ့။


ပြောလို့မှ မဆုံးသေး လိုင်းခန်းတွေ ဝင်အုံးသွားတာ အတွဲလိုက်။


ပြောပါတယ်


မောင်ကျော့်ဖမ်းလည်း မထူးပါဘူးဆိုတာ။


————–


သူတို့ပြောမှပဲ Moti တွေ ရနေတော့တာပဲ။


စတန်းဒတ်ခြင်းကျားအာမီကြီးရဲ့ စွမ်းရည်ကတော့


အချင်းချင်းတောင် ဩချယူရတယ်။


ယူတို့က စိတ်ဓါတ်ပဲ။


ပန်ဆယ်လို