အသက်(၃၀) ဆိုပေမယ့်၊ နေစဉ် သောက်တဲ့အချိုရည်ကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသား

2019-08-12 22:49:26


အသက်(၃၀) ဆိုပေမယ့်၊ နေစဉ် သောက်တဲ့အချိုရည်ကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသား

အသက်(၃၀)အရွယ် အမျိုးသားတစ်ယောက်ဟာ နေစဉ် ဆိုဒါအချိုရည်ကို လွန်ကဲစွာ သောက်သုံးခဲ့တာကြောင့်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားဟာ အချိုရည်လွန်ကဲစွာ သောက်သုံးခဲ့မှုကြောင့် သာမာန်ထက် သကြားဓာတ် Level အဆ(၂၀)အထိ မြင့်တက်ခဲ့တာပါ။


ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Suzhou မြို့မှာ ဖြစ်ခဲ့တာပါ။ သေဆုံးသူဟာ စက်ရုံလုပ်သားတစ်ဦးဖြစ်ခဲ့ပြီး၊ သူဟာ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့ အချိုရည်သောက်က အပန်းဖြေလေ့ ရှိပါသတဲ့။ သူဟာ ပြီးခဲ့တဲ့ (၁၀)ရက်က ရေအလွန်ငတ်ခြင်း၊ မောပန်းလွယ်ခြင်းနဲ့-




ရေအိမ်ခဏခဏ ဝင်ရခြင်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့အမည်ကို Wang လို့ ဖော်ပြထားပြီး သူဟာ နောက်ဆုံးမှာတော့ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲပါတော့တယ်။ အစကတော့ သူဟာ အပူလှိုင်းမိပြီး ပင်ပန်းတာလို့ ထင်ခဲ့ပါတယ်။ ဆိုဒါကို သောက်ရင် သက်သာမယ်ထင်လို့ အဲဒီနေ့မှာပဲ ဘူးတွေ ဆက်တိုက်သောက်ခဲ့တာပါ။


ဒါပေမယ့် အခြေအနေက ပိုဆိုးလာပြီး၊ နောက်ဆုံးမှာတော့ ရေအလွန်ငတ်လာကာ၊ အမောဖောက်ပြီး၊ ဘယ်လိုမှ မသက်သာခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ကို မိသားစုဝင်တွေက ဆေးရုံအမြန်ပို့ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၆)ရက် ကြာသပတေးညမှာ ဖြစ်ခဲ့တာပါ။




သူ့ကို ဒေါက်တာတွေက စစ်ဆေးလိုက်တော့ သူရဲ့ သွေးတွင်းသကြားဓာတ် Level ဟာ 110 mmol/L ဖြစ်နေပါတယ်။ ဒီပမာဏဟာ သာမန်အထက် အဆ(၂၀) များနေတဲ့သဘောပါ။ သာမာန်လူတစ်ယောက်ဟာ 5.6 mmol/L လို့ သိရပါတယ်။ သူဟာ Hyperosmolar Hyperglycemic State (HHS) ရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။


ဆီးချိုးနဲ့ သွေးတိုးရောဂါကို ပြင်းထန်စွာ ခံစားနေရတာကို မသိဘဲ၊ အချိုရည်ကို ရေသောက်သလို သောက်ခဲ့တာပါတဲ့။ နောက်ဆုံးတော့ သူ့ကို ဘယ်ဆေးကမှ မကယ်နိုင်တော့ဘဲ လူ့လောကကို စောစောစီးစီး နှုတ်ဆက်ရပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ အချိုရည် အသောက်များသူတွေအတွက် သတိထားစရာပါ။




လင်းဇော်ကို (D Nae Thit & D Nae Khit)


source : WorldOfBuzz