‘ ကမ္ဘာကြီးကို ကယ်တင်ဖို့ အီးတစ်ရက်ခြား ပါကြစို့’-ဆိုတဲ့ ဘရားဇီးသမ္မတရဲ့ တိုက်တွန်းမှု

2019-08-12 22:46:25


‘ ကမ္ဘာကြီးကို ကယ်တင်ဖို့ အီးတစ်ရက်ခြား ပါကြစို့’-ဆိုတဲ့ ဘရားဇီးသမ္မတရဲ့ တိုက်တွန်းမှု

ဘရားဇီးသမ္မတ Jair Bolsonaro ကတော့ ဆောင်ပုဒ်အဆန်းလေးနဲ့ ပြည့်သူလုထုကို တိုက်တွန်းလိုက်ပါတယ်။ အီးပါ နည်းခြင်းဟာ ကမ္ဘာဂြိုဟ်ကြီးကို ကယ်လိမ့်မယ်လို့ ဆိုပါတယ်။ သူက ပြည်သူလူလုကို “Poop every other day’ to protect the planet”လို့ ပြောပါသတဲ့။


အဓိပ္ပါယ်ကတော့ တစ်ရက်ခြားတစ်ခါ အီးပါခြင်းကြောင့် ကမ္ဘာကြီးကို ကယ်တင်ရာရောက်လိမ့်မယ်လို့ သမ္မတ ယုံကြည်တာပါ။ ဒီစကားလေးဟာ ဂျာနယ်လစ်တစ်ဦးရဲ့အမေးကို သူက ပြန်ဖြေခဲ့တာပါ။ ဂျာနယ်လစ်က သမ္မတကြီးအနေနဲ့ ကမ္ဘာကြီးကို၊ ဒါမှမဟုတ် ကျနော်တို့ ပတ်ဝန်းကျင်ကို-




ဘယ်လိုကယ်တင်ရမလဲ .. သိထားတဲ့ နည်းလမ်းရှိရင် ပြောပါဆိုတော့ သမ္မတကြီးက အထက်ပါ စကားကို ဖြေလိုက်တာပါ။ သမ္မတ Bolsonaro က ” အစားအစာ နည်းနည်း လျှော့စားပါ … ပြောရရင် ခင်ဗျားတို့က ပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်း ပြောကြတယ် … အဲဒါဆို-




အီးကို တစ်ရက်မှ တစ်ခါပဲ ပါကြ … ဒီလောက်ဆို လုံလောက်ပါတယ် … ဒီနည်းက ကမ္ဘာကြီးအတွက် အလွန်ကောင်းတယ် “လို့ ပြောခဲ့ပါတယ်။ ဂျာနယ်လစ်က သစ်တောများပြုန်းတီးမှု၊ စိုက်ပျိုးရေးလုပ်ငန်းတွေ မကောင်းဘဲ ရာသီဥတုဖောက်ပြန်ခြင်းတွေကို ထောက်ပြခဲ့ပါသေးတယ်။




သမ္မတ Bolsonaro ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး၊ သူရဲ့လက်ထက်မှာ မိုးသစ်တောတွေ ဆိုးဆိုးရွားရွာ ပျက်စီးမှုဟာ ပြီးခဲ့တဲ့နှစ်တွေကထက် (၃၀၀)%အထိပိုခဲ့ကြောင်း Brazilian National Institute for Space Research (INPE) ထောက်ပြထားပါတယ်။




အခု သတင်းထောက်ရဲ့အမေးကို ပြန်ဖြေတဲ့ သမ္မတရဲ့စကားကလည်း ရွဲ့ပြီးဖြေတာလို့ ယူဆနေကြပြီး၊ တကယ်တော့ အီးပါးခြင်းသက်သက်သာဆိုရင် ကမ္ဘာကြီးရဲ့ မြေဆီမြေနှစ်အတွက်တောင်မှ ကောင်းသေးတယ်လို့ ဆိုကြပါတယ်။ တစ်ချို့က မိလ္လာနဲ့စွန့်ပစ်အမှိုက်တွေ ရောထွေးနေလို့သာ ပတ်ဝန်းကျင်က ညစ်ညမ်းနေတာပါတဲ့။


လင်းဇော်ကို (D Nae Thit)


source : Metro