အကြမ်းဖက်မှုလျော့အောင် PUBG လိုဂိမ်းအမျိုးအစားတွေ တင်ရောင်းနေမှုကို ကုန်တိုက်ဖယ်ရှား

2019-08-12 22:43:53


အကြမ်းဖက်မှုလျော့အောင် PUBG လိုဂိမ်းအမျိုးအစားတွေ တင်ရောင်းနေမှုကို ကုန်တိုက်ဖယ်ရှား

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်မှာ ဝေါမတ်ကုန်တိုက်ထဲကို သေနတ်သမားတစ်ယောက်က အေကေ (၄၇) တစ်လက်နဲ့ ပေါ်တင်ဝင်လာပြီး၊ ပစ်ခတ်မှုကြောင့် လူပေါင်း (၂၀)ကျော် သေဆုံးကာ (၂၆)ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားက အသက် (၂၀)ကျော်ပဲရှိသေးပြီး၊ ကောလိပ်ကျောင်းသားတစ်ဦးပါ။


ဒီဖြစ်ရပ်ဖြစ်ပွားအပြီးမှာတော့ ကုန်တိုက်ဟာ အကြမ်းဖက်မှုတွေ၊ သေနတ်ပစ်ခတ်မှုတွေ ဖြစ်လာရတဲ့အကြောင်းရင်းဟာ ဂိမ်းတွေမှာ တွင်တွင်ကျယ်ကျယ်ဆော့နေတဲ့ သေနတ်ပစ်ဂိမ်းတွေလှုံ့ဆော်မှုကြောင့်လို့ ယူဆခဲ့ပါတယ်။ ပစ်ခတ်မှုတွေဟာ ဂိမ်းထဲမှာ ပီပြင်လွန်းပြီး၊ လူငယ်တွေက စွဲလန်းစွာဆော့လာချိန်မှာ အပြင်မှာ လက်တွေ့လုပ်ဖို့ကို ကြိုးစားလာကြပါတယ်။




စာရွက်စာတမ်းနဲ့ တကွ ရုံးတွင်းအမိန့်စာလို့ ထုတ်ခဲ့ပြီး၊ ဝေါမတ်မှာတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဟာ ဘယ်လိုပစ်ခတ်ဆော့ရတဲ့ ဂိမ်းနဲ့ဆက်စပ်တဲ့ အရာမျိုးမဆို အကုန်ဖြုတ်သိမ်း၊ ပလပ်ဖြုတ်တာမျိုးကို လုပ်ဆောင်ရမှာဖြစ်ပြီး၊ ဝေါမတ်မှာ ပရိုမိုးရှင်းလာဆင်းတာ၊ ရောင်းဖို့ ကြံထားတာတွေ၊ ကြမ်းကြမ်းတမ်းတမ်းပစ်ခတ်ရတဲ့ဂိမ်းတွေ၊ PS4 ဂိမ်းစက်တွေစတဲ့ အကုန်လုံးကို ဖယ်ရှားတော့မှာပါ။



ရုံးစာ

ပိုစတာတွေ၊ ဗီဒီယိုတွေမှာ အကြမ်းဖက်တဲ့ပုံပါတာမျိုးဆိုရင်လည်း ၀န်ထမ်းက မသင့်တော်ဘူးလို့ ယူဆတာနဲ့ တန်းပိတ်ပစ်ဖို့ကို ညွန်ကြားချက်ထဲပါရှိခဲ့ပါတယ်။ ဒီအကြောင်းကို အမေရိကန် သမ္မတနဲ့ နိုင်ငံရေး အရာရှိတွေက ‘ ကြောက်စရာကောင်းပြီး၊ အကြမ်းဖက်စေတဲ့ ဗီဒီယို’ ဂိမ်းတွေကြောင့်လို့ အမည်တပ်ခဲ့တာပါ။ ထောက်ခံသူများခဲ့အပြီးမှာ ကုန်တိုက်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။




ဒါပေမဲ့ အကြမ်းဖက်ရာမှာ အဓိက သုံးသွားတဲ့ သေနတ်လိုမျိုးအရာတွေ ကုန်တိုက်မှာ ပေါ်တင်ရောင်းချနေမှုကိုတော့ ပိတ်ပင်သွားမှာမဟုတ်ပါဘူး။ အမေရိကန်မှာ သေနတ်တွေပိတ်သိမ်းဖို့ကို ဆန္ဒပြနေကြပေမဲ့ အများစုက ဂိမ်တွေရဲ့စွဲလန်းမှုကြောင့် ဖြစ်လာတာလို့ ထောက်ပြနေကြတဲ့အတွက်ကြောင့်ပါ။ ဝေါမတ်က ၀န်ထမ်းတွေကိုယ်တိုင်လည်း အဲဒီဂိမ်းတွေဆော့နေတာမျိုးရှိရင် အလုပ်ထုတ်ခံရဖို့အထိရှိတယ်လို့ သိရပါတယ်။




သူရေး ( D Nae Thit )