ရေယုန်ရောဂါကုသနည်း မသိသေးသူများ ရှယ်ထားကြနော်

2020-02-21 17:20:32


ရေယုန်ရောဂါကုသနည်း မသိသေးသူများ ရှယ်ထားကြနော်

လက်တွေ့ကုထုံး ဖြစ်ပါတယ်။ သုတေသနပြုချက်အရ အောင်မြင်ထားသော ထူးခြားတဲ့ဆေးပင်ကတော့ ရဲယိုပင်ဖြစ်ပါတယ်။


ဆေးဖော်ဆပ်နည်း — ရဲယိုပင်ရဲ့အမြစ်ကို ဆေးသွေးထားသော ဆေးကျောက်ပျဉ် ပေါ်တွင် ရေနှင့်ခပ်ပျစ်ပျစ် သွေးလိမ်းပေးပါ။


နောက်ကျနော် ထပ်မံတင်ပြချင်တာက လယ်ကန်စွန်းရွက် ဟာလည်းရေယုံရောဂါအတွက် အလွန်အသုံးတည့်ပါတယ်။ လယ်ကန်စွန်းရွက်ကို ထုထောင်းပြီး ရရှိသော သတ္တုရည်ကို အနာပေါ် ခပ်ပါးပါး လိမ်းပေးခြင်းဖြင့် တစ်ရက် နှစ်ရက်အတွင်း သက်သာပျောက်ကင်းစေနိုင်ပါကြောင်း တိုင်းရင်းဆေး အသိပေးအပ်လိုက်ပါရစေ။


မေတ္တာဖြင့် — Tun Tun Aung(ADMIN) မြန်မာ့တိုင်းရင်းဆေးပညာ (18-5-2015)


စိတ်မဆိုး ဆနွင်းလုံး မိသားစုမှ comment box မှတက်လာတော့ ကိုယ်တွေ့များကို ထပ်မံ ဖြည့်တင်းပေးထားပါသည်။ ရောဂါပျောက်စေချင်၍ စေတနာဖြင့် comment ဝိုင်းရေးကြသောမိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါသည်။


#Myint Htay — လက်တွေပါ။ ကင်းပုန်ရွက်နဲ့ တိုက်ပေးပါလို့ ပြောပါတယ်။ ကျနော် ခဏခဏဖြစ်တတ်ပါတယ်။ပေါ်လာရင် နောက်ဖေးမှာရှိတဲ့ ကင်းပုန်ရွက် သွားခူးပြီး ရေယုန်ကို တခါ၂ခါဘဲတိုက်ရပါတယ်။ပျောက်ပါတယ်။


#May Khant Thu — ကျွန်တော့်တုန်းက ကွမ်းထဲထည့်တဲ့ ရှားစေးအတောင့်ကို သွေးလိမ်းတာ ၂ ရက်နဲ့ ပျောက်တယ်


#A Lin Aein — ကျနော်တို့ ငယ်ငယ်ကတော့ ရေယုန်ဖြစ်ရင် ကင်းပုန်ရွက်နဲ့ ပွတ်တယ်။ ဆိုလိုချင်တာက ကင်းပုန်ရွက် သတ္ထုရည်ကို လိမ်းတဲ့သဘောပေါ့။ လက်တွေ့ပျောက်ပါတယ်။


#Sweety Sweety — ခါးတပတ်လုံးပေါက်တာ လေဆာ သွားတိုက်ဆေး ၂ ခါပဲ လိမ်းလိုက်တာနဲ့ ပျောက်သွားတယ် လုံးဝလက်တွေ့ပျောက်တယ် သံသယမရှိနဲ့


#Toe-Toe Tin — လေး ညှင်း ပွင့် ကို သွေး ပြီး လိမ်း ရင် လည်း ပျောက် ပါ တယ်။ Credit: ဆေးနည်း ဆေးပင် ဆေးအကြောင်း