သင်ရွေးချယ်လိုက်တဲ့ ကဒ်ကပြောပြမဲ့ သင့်ရဲ့မသိစိတ်ထဲကခံစားချက်တချို့


သင်ရွေးချယ်လိုက်တဲ့ ကဒ်ကပြောပြမဲ့ သင့်ရဲ့မသိစိတ်ထဲကခံစားချက်တချို့

သင်ရွေးချယ်လိုက်တဲ့ ကဒ်ကပြောပြမဲ့ သင့်ရဲ့မသိစိတ်ထဲကခံစားချက်တချို့


The Heirophant


သင်ဟာ စနစ်ကျဖို့နဲ့ အထိန်းအကွပ်ရှိဖို့လိုပါတယ်။ ဒီအချိန်မှာ သင်ဟာကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်မဲ့အစား ချမှတ်ပေးထားတဲ့အတိုင်း လိုက်နာခြင်းက သင့်အတွက်ပိုအဆင်ပြေပါလိမ့်မယ်။


ပိုနေမြဲ ကျားနေမြဲ အခြေအနေက သင့်အတွက် ဘယ်လောက် အဆင်ပြေလဲ တွေ့ရှိလာပါလိမ့်မယ်။ သင်ကစည်းကမ်းဥပဒေကို လိုက်နာသူ၊ အဆုံးအမကို နာခံတတ်သော နူးညံ့တဲ့ စိတ်ထားပိုင်ရှင်ပါ။


The Hanged Man


သင်ဟာ ဟိုဟာလုပ်ရနိုးနိုး၊ဒီဟာလုပ်ရနိုးနိုးနဲ့ရှိနေတတ်တယ်။ သင့်ရွေးချယ်မှုတိုင်းရဲ့ အကျိူးဆက်တွေက မထင်မရှားဖြစ်နေတယ်။


ခဏလောက် အောင့်အီးသည်းခံလိုက်ပါ။ ယခုအချိန်ဟာ သင့်ဘဝအတွက် အချိုးအကွေ့တစ်ခုဖြစ်စေမယ့် တစ်စုံတစ်ယောက်နဲ့ ဆုံမယ့် အခိုက်အတန့်တစ်ခု ဖြစ်နေနိုင်ပါတယ်။


တစ်စုံတစ်ယောက်ရဲ့အကူအညီမပါဘဲ လက်ရှိမှာ သင်ဘာမှ လုပ်လို့မရပါဘူး။ မဟုတ်ရင်တွဲလောင်ကြီးပဲဖြစ်နေဦးမှာ။


The Sun


ကိစ္စဝိစ္စတွေငြိမ်သွားပြီး အရာရာအားလုံး အဆင်ပြေပါတယ်။ ဖိစိီးတာတွေ ချီတုံချတုံဖြစ်နေတာတွေလဲမရှိတော့ပဲ ပျော်ရွှင်မှူတွေလွှမ်းခြုံထားသလိုရှိနေပါတယ်။


အခုလိုခံစားမှုက ငယ်ငယ်တုန်းကလို ကစားဖို့ကလွဲပြီးကျန်တာမရှိသလို၊သင့်ရဲ့ တာဝန်နဲ့ဝတ္တရာတွေ တခြားသူကို လွှဲပြောင်းပေးလိုက်ရသလို၊ လုံခြုံပြီး စိုးရိမ်စရာမရှိသလို ဖြစ်နေပါတယ်။ သင်ဟာ ရူးပေါပေါလိုဖြစ်နေပြီး မြူးတူးနေကာ သင်လုပ်သမျှကျေနပ်နေပါတယ်။


credit to shwemom