ဆိုင်ကယ်နှစ်စီးကို ကားအဖြစ်ပြောင်းလဲသူ သရက်မြို့သား

2020-02-20 16:19:53


ဆိုင်ကယ်နှစ်စီးကို ကားအဖြစ်ပြောင်းလဲသူ သရက်မြို့သား

ဆိုင်ကယ်နှစ်စီးကို ကားအဖြစ်ပြောင်းလဲသူ သရက်မြို့သား


ကိုအောင်ဝင်းတင်ကတော့ မကွေးတိုင်း၊သရက်မြို့သားတစ်ယောက်ဖြစ်ပါတယ်။သူကဆိုင်ကယ်တွေကို အရမ်းဝါသနာပါပြီး ကိုယ်တိုင်ပုံဖော်ထုတ်လုပ်ရတာကိုလည်း ကြိုပ်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။သူနေထိုက်ရာ သရက်မြို့လေးမှာ “ကောင်းမွန်” ဆိုတဲ့ ဆိုင်ကယ်ပြင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။  အခုလည်း ကိုယ်ပိုင်စိတ်ကူးအယူအဆတွေနဲ့ ပေါင်းစပ်ပြီး ဆိုင်ကယ်နှစ်စီးကို ကားအဖြစ်ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ဘတ်ဆုတ်လို့လဲရသလို့ အမြန်နှုန်းနဲ့လည်း မောင်းနှင်လို့ရပါတယ်။ဓာတ်ဆီ ၁ လီတာကို မိုင်(၃၀)အထိမောင်နှင်နိုင်ပြီး အရမ်းကိုအဆင်ပြေပါတယ်။


အခုထုတ်လုပ်တဲ့အစီးက သူ့ရဲ့ တတိယမြောပ်အစီးဖြစ်ပြီး အရင်ကလည်း နှစ်စီးထုတ်လုပ်ခဲ့ပေမယ့် စိတ်တိုင်းမကျတဲ့အတွက် ပြန်ဖျက်ခဲ့တာပါ။ငွေကြေးပြည့်စုံနေရင် ယခုလိုထုတ်လုပ်ဖို့သူ့အတွက်က ရက်ပိုင်းပဲ ကြာမြင့်မှာဖြစ်ပြီး ငွေကြေးမပြည့်စုံလို့ အခက်ခဲတွေတော့ရှိခဲ့ပါတယ်။တကာ့်ကို စိတ်ကူးအကြံဉာဏ်ကောင်းလွန်းတဲ့ သရက်မြို့သား ဆိုင်ကယ်ပြင်ဆရာလေး ကိုအောင်ဝင်းတင်ကို လေးစားစွာ ဖော်ပြလိုက်ပါတယ်နော်…