တစ်ညကို (၄)နာရီလောက်ပဲအိပ်ပြီး အနုပညာအလုပ်တွေ ကြိုးစားနေတယ်ဆိုတဲ့ ခေးဆက်သွင်. . .

2020-02-20 16:17:21


တစ်ညကို (၄)နာရီလောက်ပဲအိပ်ပြီး အနုပညာအလုပ်တွေ ကြိုးစားနေတယ်ဆိုတဲ့ ခေးဆက်သွင်. . .

တစ်ညကို (၄)နာရီလောက်ပဲအိပ်ပြီး အနုပညာအလုပ်တွေ ကြိုးစားနေတယ်ဆိုတဲ့ ခေးဆက်သွင်. . .


ခေးဆက်သွင်ကတော့ ပရိသတ်အချစ်တွေကို ရရှိထားသော MRTV-4 မင်းသမီးတွေထဲက နာမည်တရှိန်ထိုးတက်လာတဲ့ ချစ်စဖွယ် မင်းသမီးချောလေးတစ်ယောက်ပါ။




ခေးဆက်သွင်ဟာ နှင်းဆီဆိုတဲ့ ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်အနေနဲ့ပါဝင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ ပရိသတ်တွေရဲ့အချစ်တွေကို အများကြီးရရှိထားပြီး ဝန်းရံသူတွေ များပြာလားခဲ့သူ ဖြစ်ပါတယ်။


အခုဆိုရင် ပရိသတ်တွေက သူ့ရဲ့ဇာတ်ကားအသစ်တွေကို မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ ရွှေထူးနဲ့ရွှေမှုံရတီတို့ပါဝင်ထားတဲ့ ကမ်း ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေရှုပ်နေတဲ့ သူလေးတစ်ယောက်ပါ။




အဲ့ဒီအကြောင်းကို ခေးဆက်သွင်က “ကားကြီးနှစ်ကားကြားထဲ ဒီလိုရှူတင်ပိစိလေးတွေလည်း လက်ခံတော့ တစ်ညလေးနာရီလောက်ပဲအိပ်ရတာပေါ့”ဆိုပြီး ပရိသတ်အတွက် သူမ အပင်ပန်းခံကြိုးစားနေကြောင်းကို ရေးသားဖော်ပြလာတာပါ။


ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်နေရတဲ့ ခေးဆက်သွင်ကတော့ ရှုတင်ရိုက်ကူးရေးတွေနဲ့ မအားလပ်နိုင်အောင် အလုပ်တွေရှုပ်နေတဲ့ပုံပါပဲ။


တစ်ညကို လေးနာရီပဲ အိပ်ရတယ်လို့ဆိုလာတဲ့ ခေးဆက်သွင်ကိုလည်း ခေးရဲ့ဖန်တွေက စိတ်ပူစွာနဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ အလုပ်ကို အရမ်းကြီးလောဘမကြီးဖို့တွေ စိုးရိမ်စွာနဲ့ မှာနေကြသလို . . .