ထောင်သားတစ်ယောက်ရဲ့ဆံပင်ပုံစံကို အွန်လိုင်းပေါ်ကနေ အလွန်အကြူးစနောက်နေတဲ့သူတွေကို အရေးယူမယ်

2019-08-12 22:28:55


ထောင်သားတစ်ယောက်ရဲ့ဆံပင်ပုံစံကို အွန်လိုင်းပေါ်ကနေ အလွန်အကြူးစနောက်နေတဲ့သူတွေကို အရေးယူမယ်

ထောင်သားတစ်ယောက်ရဲ့ဆံပင်ပုံစံကို အွန်လိုင်းပေါ်ကနေ အလွန်အကြူးစနောက်နေတဲ့သူတွေကို အရေးယူမယ်လို့ သတိပေးလိုက်တဲ့ရဲများ


အွန်လိုင်းလူမှုကွန်ယက်ပေါ်ကနေ ထောင်သားတစ်ယောက်ရဲ့ဓာတ်ပုံထဲကဆံပင်ပုံစံကို စနောက်နေတဲ့သူတွေဟာလွန်ကျွံစွာ ရေးသားပြောဆိုမှုတွေရှိလာတာကြောင့် သက်ဆိုင်ရာရဲတွေက Cyber bullying အဖြစ်သတ်မှတ်ကာ အရေးယူမှာဖြစ်တဲ့အကြောင်း စနောက်နေတဲ့သူတွေကိုသတိပေးခဲ့ရပါတယ်။


Taylorလို့အမည်ရတဲ့ မူးယစ်ဆေးအမှုကြောင့်ထောင်ကျခံနေရတဲ့သူတစ်ယောက်ဟာ ထောင်ကနေအာမခံနဲ့လွတ်သွားပြီးတဲ့နောက်မှာ အာမခံချက်ထဲမှာပါတဲ့စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တာပါ။




သူဟာ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုကြောင့် သုံးနှစ်တိုင်တိုင်ထောင်ကျပြီးတဲ့နောက်မှာ ရဲတွေဟာသူ့ကိုအာမခံနဲ့လွတ်ရက်အချို့ပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အာမခံထားတဲ့အချက်နဲ့စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တဲ့အတွက် ရဲတွေက သူရဲ့ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပြီး ပြည်သူလူထုကို အလိုရှိထောင်သားတစ်ယောက်ဖြစ်တဲ့အကြောင်းအသိပေးခဲ့တာပါ။


ဒါပေမယ့် အွန်လိုင်းလူမှုကွန်ယက်အသုံးပြုသူတွေဟာ အခြားအရာတွေကိုဂရုမစိုက်နိုင်ပဲ ဓာတ်ပုံထဲက အဲ့ဒီထောင်သားရဲ့အနည်းငယ်ရယ်စရာကောင်းတဲ့ဆံပင်ပုံစံကိုသတိထားမိကာ လွန်ကြူးစွာစနောက်တဲ့မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း အဲ့ဒီထောင်သားရဲ့ဓာတ်ပုံဟာ နေ့ချင်းညချင်းနာမည်ကြီးလို့သွားခဲ့ပါတယ်။




ဓာတ်ပုံထဲမှာအဲ့ဒီထောင်သားထိပ်အနည်းငယ်ပြောင်တဲ့သူဖြစ်တဲ့အတွက် ဦးခေါင်းရဲ့အရှေ့ဘက်မှာဆံပင်မရှိပဲ ဆံပင်ရှိတဲ့ဦးခေါင်းအနောက်ဘက်ကဆံနွယ်တွေကလဲ အင်မတန်ပါးနေကာ မာတောင်ပြီး ထိုးထိုးထောင်ထောင်ဖြစ်နေတာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေကတော့ သူ့ရဲ့ဆံပင်ကို စနောက်ရင်းအင်မတန်လွန်ကြူးတဲ့ မှတ်ချက်တွေရေးသားခဲ့တဲ့အတွက် ရဲတွေကတော့ ထပ်ရေးရင် လူမှုကွန်ယက်ပေါ်မှာအနိုင်ကျင့်မှုနဲ့ စွဲချက်တင်မယ်လို့သတိပေးထားရပါတယ်။


Yenin​ Phawah-AlinnMyay​(အလင်းမြေ)