မုန့်ပဲဝေစားမယ် ဒါတော့ ဝေမစားဘူးဆိုပြီး၊ ဖောက်ပြန်တဲ့ခင်ပွန်းရဲ့ ငယ်ပါကိုဖြတ်ပစ်တဲ့ဇနီး

2019-07-27 12:27:03


မုန့်ပဲဝေစားမယ် ဒါတော့ ဝေမစားဘူးဆိုပြီး၊ ဖောက်ပြန်တဲ့ခင်ပွန်းရဲ့ ငယ်ပါကိုဖြတ်ပစ်တဲ့ဇနီး

အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ ဖောက်ပြန်တဲ့ခင်ပွန်းသည်ရဲ့ ငယ်ပါကို ဓားနဲ့ခုတ်ဖြတ်ခဲ့ပြီး၊ ” ငါမှ မခံစားရတာ ဘယ်သူ့ကိုမှ မမျှနိုင်ဘူး “ဆိုပြီး ပြောခဲ့ပါတယ်တဲ့။ သူမရဲ့နာမည်ကိုတော့ Lee လို့ ဖော်ပြထားပြီး၊ ကတ်ကြေးနဲ့ ကိုက်ဖြတ်ခဲ့တာပါ။




ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်(၂၄)ရက်၊ ဗုဒ္ဓဟူးနေ့က ထိုင်ဝမ်၊ Hukou မြို့မှာ ဖြစ်ခဲ့တာပါ။ Ms Lee ဟာ သူမရဲ့ခင်ပွန်းသည် Chen ဖောက်ပြန်တဲ့ဇာတ်လမ်းကို သိပြီးနောက် ဝှေးစေ့တွေပါအောင်အထိ ဖြတ်ပစ်ခဲ့တာလို့ သတင်းက ဖော်ပြထားပါတယ်။


ခင်ပွန်းဖြစ်သူဟာ တစ်ခြားမိန်းမနဲ့ဖောက်ပြန်ခဲ့တာကို Ms Lee က လက်ပူးလက်ကြပ် ဖမ်းနိုင်ခဲ့တာပါတဲ့။ သူဟာ အဲဒီအမျိုးသမီးနဲ့ အိပ်နေတာဖြစ်ပြီး၊ အဲဒီအချိန်ထိ Ms Lee နဲ့ အဆိုပါအမျိုးသားက တရားဝင်လက်ထပ်ထားဆဲပါ။ ဒါပေမယ့် နှစ်ယောက်သား ကွာရှင်းဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။




သူမက ” ငါမှ မခံစားရတာ ဘယ်သူ့ကိုမှ မမျှနိုင်ဘူး “ဆိုပြီး ခင်ပွန်းကို တိုက်ခိုက်ခဲ့တာပါ။ Ms Lee ဟာ ခင်ပွန်းကို အိပ်ဆေးခတ်ပြီး ကျကျနနလုပ်ကြံခဲ့တာလို့ သိရပါတယ်။ ရဲတပ်ဖွဲ့အပြောအရတော့ Chen ရဲ့ငယ်ပါနေရာမှာ (၁)စင်တီမီတာသာ ကျန်ရစ်ပါတော့တယ်တဲ့။




Chen ကတော့ ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေဆဲဖြစ်ပြီး၊ နောက်တစ်ကြိမ် လူစဉ်မီတဲ့ဘဝကို ပြန်ရောက်နိုင်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။ သူ့ရဲ့ ဒဏ်ရာဟာ ဘက်တီးရီးယားလည်း ဝင်ရောက်နေပြီး၊ ကျန်ရှိတဲ့ သက်တမ်းမှာတော့ လူဖြစ်ရှုံးရဖို့ ရှိပါတယ်တဲ့။


နေသူရိန် (D Nae Thit)


source : Mirror