လုံမေတို့တစ်တွေ သတိထားစေဖို့ အွန်လိုင်းပေါ်မှာ လူသတ်သမားများရှိတတ်သည်

2020-02-20 15:40:51


လုံမေတို့တစ်တွေ သတိထားစေဖို့ အွန်လိုင်းပေါ်မှာ လူသတ်သမားများရှိတတ်သည်

လုံမေတို့တစ်တွေ သတိထားစေဖို့ အွန်လိုင်းပေါ်မှာ လူသတ်သမားများရှိတတ်သည်


ယခုခေတ်မှာ ကျယ်ပြန့်လာတဲ့ လူသုံးများသော အွန်လိုင်းလူမူကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ဟာ #သုံးတက်လျှင်ဆေး #မသုံးတက်လျှင်ဘေး ဖြစ်စေတာကိုတော့ သတိပြုစေချင်တယ်။ ယခုနောက်ပိုင်းမှာ မသာသူတစ်ချို့ဟာ အွန်လိုင်းမီဒီယာများကို အသုံးချပြီး ကာမလိမ်လည်ရယူမှုများ ၊ လူကိုသတ်ဖြတ်ပြီး ပစ္စည်းယူ လိမ်လည်မှုများကို ကျူးလွန်လာကြပါတယ်။ ဒါကြောင့် အစစအရာရာ သတိဖြင့်ဆင်ခြင်နိူင်အောင် ယခုရက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရင်နင့်ဖွယ်ရာ မူခင်းသတင်း တစ်ပုဒ်ကို ဖော်ပြခွင့်ပြုပါ။


မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် နှင့် မရမ်းကုန်းမြို့နယ်အကြား မြောက်ဥက္ကလာလမ်းမဘေးတွင် အမျိုးသမီးတစ်ဦး၏အလောင်း တွေ့ရှိစစ်ဆေးရာ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိ


ရန်ကုန်၊ ဖေဖဝါရီလ ၂ ရက်


၂၈.၁.၂၀၁၆ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား မြောက်ဥက္ကလာလမ်းမဘေးတွင် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ မှောက်လျက်အနေအထား ဖြင့် သေဆုံးနေကြောင်းသတင်း ရရှိ၍ အင်းစိန်မြို့မရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူအမျိုးသမီး၏နဖူးမှာ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာချိုစောင်းသွေးခြေဥဒဏ်ရာ ၁ ချက်၊ လည်ပင်းညိုမဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း (ပ)၁၄၂/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


အမှုမှသေဆုံးသူ အမျိုးသမီးနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ မင်္ဂလာဒုံ၊ ထောက်ကြန့်နေ မမြတ်သင်းကြူ အသက်(၂၂)နှစ်ဟု ဆိုသူဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ၂၆.၁.၂၀၁၆ ရက်နေ့ ၁၇၀၀ အချိန်ခန့်က ရည်းစားဖြစ်သူ သူထက်နိူင်(ခ)သူရအောင်နှင့် ဖုန်းဆက်သွယ်ပြောဆိုကာ ၁၈၀၀ အချိန်ခန့်တွင် နေအိမ်မှ ထွက်ခွာသွားရာမှ ၁၉၃၀ အချိန်ခန့်ထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ သူထက်နိူင်(ခ)သူရထက်အောင် (၂၁)နှစ်ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၎င်းမှာ နေပြည်တော်သို့ ရောက်ရှိနေဟု ပြောဆိုခဲ့ကြောင်း စုံစမ်း


သိရှိရသော်လည်း ၂၆.၁.၂၀၁၆ ရက်နေ့မှ ၂၈.၂.၂၀၁၆ ရက်နေ့ ၁၉၀၀ အချိန်ခန့်ထိ အခင်းဖြစ်နေရာအနီးဝန်းကျင်တွင် ရှိနေကြောင်းတို့ကို ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိခဲ့ရသဖြင့် အမှုမှမသင်္ကာသူ သူထက်နိူင်(ခ)သူရအောင်အား လိုက်လံစုံစမ်း ဖမ်းဆီးခဲ့ရာ ၂၉.၁.၂၀၁၆ ရက်နေ့ ၁၇၄၀ အချိန်ခန့်တွင် အခင်းဖြစ်နေရာအနီးမှ ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။


ဖမ်းဆီးရမိသူ သူထက်နိူင်(ခ)သူရအောင်အား စစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၅ ၊ ခုနှစ် ဩဂုတ်လအတွင်းက facebook လူမှုကွန်ရက်မှတစ်ဆင့် အပြန်အလှန်စာပို့ရင်း သမီးရည်းစားများဖြစ်ခဲ့ကြကြောင်း၊ ဒီဇင်ဘာလကုန်ခန့်တွင် သူထက်နိူင်(ခ)သူရအောင်မှာ ၎င်း၏ facebook အကောင့်မှတစ်ဆင့် အခြားမိန်းကလေးများနှင့် ဆက်သွယ်နေကြောင်း မမြတ်သင်းကြူမှသိရှိသွားပြီး စိတ်မချ၍ facebook မှ တစ်ဆင့် လက်ထပ်ချင်ကြောင်းပြောဆိုရာ ၎င်းမှ ရည်းစားသက်တမ်း(၁)နှစ် ပြည့်မှ လက်ထပ်ရန်ပြောဆိုခဲ့ကြောင်း။


၂၆.၁.၂၀၁၆ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် သူထက်နိူင်(ခ)သူရအောင်မှ ၎င်း၏ကားဖြင့် မမြတ်သင်းကြူ၏ နေအိမ်ဘက်သို့ထွက်လာပြီး နေအိမ်အနီးအရောက် အပြင်သို့ထွက်လာရန် ဖုန်းဖြင့်ဆက်သွယ်ချိန်းကာ မမြတ်သင်းကြူအား ခေါ်ဆောင်၍ ၎င်း၏ကားဖြင့်ထွက်လာခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီး လမ်းဘေးတွင်ကားရပ်၍ နှစ်ဦးအတူစကားပြောဆိုကြစဉ် မမြတ်သင်းကြူမှ လက်ထပ်ရန်တိုက်တွန်း ပြောဆိုခဲ့ကြောင်း၊ သူထက်နိူင်(ခ)သူရအောင် မှ သရုပ်ဆောင်သင်တန်းတက်ရမည်ဖြစ်၍ မယူနိူင်သေးကြောင်း ပြောဆိုရာ တစ်ယောက်တစ်ခွန်းစကားများ ရန်ဖြစ်ခဲ့ကြပြီး မမြတ်သင်းကြူမှ လက်ဖြင့် နှစ်ချက်ရိုက်ခဲ့၍ အသားနာသွားသည်ကို ဒေါသဖြစ်ကာ မမြတ်သင်းကြူ၏ လည်ပင်အား


လက်နှစ်ဖက်ဖြင့် ညှစ်ထားရာမှ မမြတ်သင်းကြူမှာ ရုန်းကန်ခဲ့ပြီး ငြိမ်ကျသွားခဲေ့ကြာင်း၊ ၎င်းနောက် မော်တော်ယာဉ်အား လေဆိပ်လမ်းဆုံမီးပွိုင့်မှ ဥက္ကလာလမ်းဘက်သို့ မောင်နှင်လာခဲ့ပြီး လမ်းဘေး မှောင်ရိပ်တွင် လူသွားအလာပြတ်သည့်အချိန်၌ မမြတ်သင်းကြူအား ကားပေါ်မှပွေ့ချီကာ ပစ်ချထားခဲ့ကြောင်း၊ မမြတ်သင်းကြူ၏ လက်ကိုင်ဖုန်းကိုလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၃)ရပ်ကွက်ရှိ ရေမြောင်းအတွင်းသို့ ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


ပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များမှ အသိသက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သူထက်နိူင်(ခ)သူရအောင် ပစ်ချခဲ့သော မမြတ်သင်းကြူ၏လက်ကိုင်ဖုန်းအား သွားရောက်ရှာဖွေရာ အဆိုပါလက်ကိုင်ဖုန်းအား ရေမြောင်းအတွင်းမှတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ သူထက်နိူင်(ခ)သူရအောင်အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။