ခိုးရာလိုက်လာသည့်အမျိုးသမီးကို သားမယားပြုကျင့်နှိပ်စက်ပြီး ပစ္စည်းများလုယူထွက်ပြေးသွားတဲ့ ဖြစ်ရပ်

2020-02-20 15:36:41


ခိုးရာလိုက်လာသည့်အမျိုးသမီးကို သားမယားပြုကျင့်နှိပ်စက်ပြီး ပစ္စည်းများလုယူထွက်ပြေးသွားတဲ့ ဖြစ်ရပ်

ခိုးရာလိုက်လာသည့်အမျိုးသမီးကို သားမယားပြုကျင့်နှိပ်စက်ပြီး ပစ္စည်းများလုယူထွက်ပြေးသွားတဲ့ ဖြစ်ရပ်


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့တွင် ခိုးရာလိုက်လာသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ပြီးနောက် ဆွဲကြိုး၊ ဖုန်းနှင့် ပိုက်ဆံများ လုယူထွက်ပြေးသွားသည်ဆိုကာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခန့်က တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီခွဲခန့်တွင် မ……(၃၈) နှစ်သည် ၎င်း၏ချစ်သူ နိုင်မင်း (၃၈) နှစ်နှင့် အတူပေါင်းသင်း နေထိုင်ရန် ခိုးရာလိုက်ပြေးခဲ့ကြောင်း သိရသည်။


ထိုသို့ခိုးရာလိုက်ပြေးခဲ့ပြီး ဖေဖော်ဝါရီ ၇ရက် နံနက် ၄ နာရီတွင် ခင်ကြီးကျေးရွာမြောက်ဘက်ရှိ တဲတစ်လုံးအတွင်း ဝင်ရောက်နားခိုစဉ် နိုင်မင်းက ၎င်းအား အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။


ထို့နောက် မင်းနိုင်က မ…… အား လည်ပင်းညှစ်ခြင်း၊ မျက်လုံးအား လက်ဖြင့်ကုတ်ခြင်းများ ပြုလုပ်ခဲ့ပြီး လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုး တစ်ကုံး တစ်မတ်သားခန့်(ကာလ တန်ကြေး ကျပ် ၃၀ဝ,ဝဝဝ ခန့်)၊ Mi အမျိုးအစား ဖုန်းတစ်လုံး (ကာလ တန်ကြေး ကျပ် ၁၂၀,ဝဝဝ) ခန့်နှင့် ငွေကျပ် ၁၂,၂၀ဝ အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


။ဖြစ်စဉ်နှင့်ပတ်သက်၍ သဲတော (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများထံ အကြောင်းကြားစုံစမ်းခဲ့ရာ နိုင်မင်းမှာ ခင်ကြီးကျေးရွာတွင် ဇနီးဖြင့် ပေါင်းသင်းနေထိုင်လျက် ရှိကြောင်းသိရ၍ လူမှုရေးအရ ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်တိုင်တန်းခဲ့သည်။


ဝမ်းတွင်းမြို့မ ရဲစခန်းက (ပ)၉၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ- ၃၆၆/၃၈၂ အရ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ခရက်ဒစ် – မြန်မာတိုင်းမ်