ပိတ်မိနေတဲ့ အပျော်စီးသင်္ဘောကြီးပေါ်မှာ အပြာကားတွေအခမဲ့ ကြည်ခွင့်ပေးခဲ့တဲ့ကုမ္ပဏီ

2020-02-20 15:35:48


ပိတ်မိနေတဲ့ အပျော်စီးသင်္ဘောကြီးပေါ်မှာ အပြာကားတွေအခမဲ့ ကြည်ခွင့်ပေးခဲ့တဲ့ကုမ္ပဏီ

ပိတ်မိနေတဲ့ အပျော်စီးသင်္ဘောကြီးပေါ်မှာ အပြာကားတွေအခမဲ့ ကြည်ခွင့်ပေးခဲ့တဲ့ကုမ္ပဏီ


အပျော်စီးသဘောၤာကြီးတစ်စင်းပေါ်မှာ Corona ဗိုင်းရပ်စ်ကူးစက်သူ ပါလာတဲ့အတွက်ကြောင့်မို့လို့ သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည် အယောက် ၄၀၀၀ နီးပါးဟာ ဂျပန်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုကို ကမ်းမကပ်နိုင်ပဲ မြစ်ထဲမှာ ကျောက်ချနေရတဲ့ သတင်းကို ကြားဖူးကြမှာပဲ။ ဒီသင်္ဘောပေါ်ကလူတွေကတော့ ဘယ်မှသွားလို့လာလို့မရပဲ တော်တော်ကို ဒုက္ခရောက်နေကြပါတယ်။ ဒါပေမယ့် အပြာကားကုမ္ပဏီတစ်ခုကတော့ သင်္ဘောပေါ်က လူတွေအတွက် သူတို့ကုမ္ပဏီ Website က ရိုက်ကူးတဲ့ အပြာကားတွေကို အခမဲ့ ကြည့်ရှု့နိုင်အောင် စီစဉ်ပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။


Cam Soda လို့အမည်ရတဲ့ အဆိုပါ အပြာကားထုတ်လုပ်ရေးကုမ္ပဏီဟာ သင်္ဘောပေါ်ရှိ လူတွေအကုန်လုံးအား လူတစ်ယောက်နှုန်းကို တိုကင် ၁၀၀၀ ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါတိုကင်တွေနဲ့ Cam Soda ကုမ္ပဏီကထွက်ရှိသမျှ အပြာကားတွေကို ကြည့်ရှု့နိုင်မယ့်အပြင် ကုမ္ပဏီက အပြာမင်းသမီးတွေနဲ့ပါ Video Call ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ရအောင် လုပ်ပေးခဲ့တာလည်း သင်္ဘောပေါ်မှာ တစ်ယောက်တည်းနေရတာ အထီးမကျန်အောင် ပြုလုပ်ပေးထားတာဖြစ်ကြောင်း သိရှိရပါတယ်။


“ ဒီလို သင်္ဘောကြီးပေါ်မှာ တစ်ယောက်တည်းနေပြီး အထီးမကျန်အောင် ဒီလိုပြုလုပ်ပေးဖို့ အကြံအစည်ရခဲ့တာပါ။ ငါဘယ်အချိန်ရောဂါကူးမလဲလို့ စိုးရိမ်စိတ်တွေများနေမယ့်အစား ပျော်ပျော်နေပြီး အထီးမကျန်အောင်လို့ပါ Video Call ခေါ်လို့ရအောင်ကိုပါ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်” လို့ Cam Soda ကုမ္ပဏီရဲ့ CEO ဖြစ်သူ Daryn Parker က ပြောကြားခဲ့ပါတယ်။


Pyi Hein Kyaw