လှိုင်သာယာမြို့နယ်တွင် ဓါးချွန်ကိုင်ဆောင်ထားသူထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

2020-02-20 15:34:21


လှိုင်သာယာမြို့နယ်တွင် ဓါးချွန်ကိုင်ဆောင်ထားသူထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်တွင် ဓါးချွန်ကိုင်ဆောင်ထားသူထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မူးယစ်တပ်ဖွဲ့စု (၄၀)မှ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၈ရက်နေ့ ညနေ ၆နာရီအချိန်ခန့်က မူးယစ်ဆေးဝါး သတင်းအရ သွားရောက် စောင့်ဆိုင်းနေစဉ် စိတ်ကြွဆေးပြားများ သယ်ယူလာသူထံက စိတ်ကြွဆေးပြားနှင့်အတူ ဓါးချွန်၊ ဖမ်းဆီးရမိကြောင်း သိရသည်။


လှိုင်သာယာမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းရှိ စားသောက်ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေစဉ်၊ သတင်းရရှိထားသူ နိုင်ကြီး(ခ)နိုင်ဝင်းအောင်က ဆိုင်ကယ်အား မောင်းနှင်ပြီး ၎င်းနောက်တွင် ဖြိုးကို(ခ) ဖြိုးကိုကိုလတ်မှ စီးနှင်ကာ လှိုင်ထိပ်တင်(၁) စားသောက်ဆိုင်သို့ ဝင်ထိုင်ကြတယ်။


၎င်းတို့ နှစ်ဦးထဲက ဖြိုးကို(ခ)ဖြိုးကိုကိုလတ် အတွင်းခံ ဘောင်းဘီထည့်သည့်စက္ကူဘူးကို စားပွဲခုံပေါ် တင်ထားချိန် သက်သေများနှင့် ဝင်ရောက် စစ်ဆေးရာ အဆိုပါ စက္ကဘူးအတွင်းမှ စိတ်ကြွဆေးပြား (၅၉၄)ပြား

နှင့် နိုင်ကြီး(ခ)နိုင်ဝင်းအောင် ဝတ်ဆင်ထားသည့် အကျႌအတွင်းမှ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြား(၄)ပြား၊ ပိုက်တို(၁)ချောင်း၊ ဝဲဘက်ဂျိုင်းကြားမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ဓါးဦးချွန်ပါ ဓါး(၁)ချောင်း နှင့် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆင်းကဒ်ပါ ဖုန်း နှစ်လုံးတို့ကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။


နိုင်ကြီး(ခ) နိုင်ဝင်းအောင် ထွက်ဆိုချက်အရ ၎င်းနေထိုင်သော လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ မင်္ဂလာလမ်း၊ (ကျူးကျော်)နေအိမ်တွင် မူးယစ်ဆေးဝါး ကျန်ရှိနေသေးကြောင်း ပြောပြချက်အရ သွားရောက် ရှာဖွေခဲ့ရာ နိုင်ကြီး(ခ)နိုင်ဝင်းအောင် အိပ်သည့်အိပ်ခန်း

အတွင်းမှ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင်

အသုံးပြုသည့် ပစ္စည်းများနှင့် စိတ်ကြွေဆေးပြား (၂၉၀) ပြား၊ Methamphetamine(ICE) အကြည်ရောင် ပုံဆောင်ခဲအမှုန့် အလေးချိန်(၁)ဂရမ်ခန့်ပါ(၁)ထုပ်၊ အရိုးအသွား(၁၈)လက်မခန့် ဓါးဦးချွန်ပါ ဓါး(၁)ချောင်းတို့ကို ထပ်မံ သိမ်းဆဲရမိကြောင်း ဆိုသည်။


မူးယစ်စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း (၈၈၈)ပြားနှင့်

(ICE)အလေးချိန်(၁)ဂရမ်ခန့်၊ ကာလတန်ဖိုး ၂၇၆၄၀၀၀ နှင့်အတူ ဓါဦးချွန် (၂)ချောင်း၊ ဆက်စပ်သုံးစွဲပစ္စည်း ကိရိယာများ၊ လက်ကိုင်ဖုန်း၊ စာရွက်စာတမ်းတို့နှင့်အတူ တွေ့ရှိသည့် နိုင်ကြီး(ခ)နိုင်ဝင်းအောင် (၂၆နှစ်)၊ (ကျူးကျော်)၊ မင်္ဂလာလမ်း၊(၆)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူ နှင့် ဖြိုးကို(ခ)ဖြိုးကိုကိုလတ် (၂၈နှစ်)၊ ယုဇနလမ်း၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့(၂)ဦးကို လှိုင်သာယာမြို့မရဲစခန်းမှ မယ(ပ) ၁၁/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ညီညီ(လှိုင်သာယာ)

Top Phoenix Media Group