မင်းကင်းမြို့နယ်တွင် အရက်ကြောင်ကြောင်ပြီး ပုဆိန်ဖြင့် လူခုတ်သတ်ရာ အမျိုးသားတစ်ဦးသေဆုံး

2020-02-20 15:33:44


မင်းကင်းမြို့နယ်တွင် အရက်ကြောင်ကြောင်ပြီး ပုဆိန်ဖြင့် လူခုတ်သတ်ရာ အမျိုးသားတစ်ဦးသေဆုံး

မင်းကင်းမြို့နယ်တွင် အရက်ကြောင်ကြောင်ပြီး ပုဆိန်ဖြင့် လူခုတ်သတ်ရာ အမျိုးသားတစ်ဦးသေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာ၌ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပုဆိန်ဖြင့် လူခုတ်သတ်၍ လူတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။


ကမ်းပြည့်ကျေးရွာနေဦးမောင်အိက ရွာအလယ်လမ်း အတိုင်း၊ ရွာမြောက်ပိုင်းသို့ သွားရောက်စဉ် ပြစ်မှုကျူးလွန်သူ၏ နေအိမ်အနီးအရောက်တွင်

ပြစ်မှုကျူးလွန်သူက အရက်ကြောင်ကြောင်ပြီး လမ်းမပေါ်သို့ထွက်ပြီး လက်ထဲအသင့်ပါလာသော သစ်သားအရိုး ၃ ပေခန့် ပုဆိန်ဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။


ပုဆိန်ဖြင့်ခုတ်ခဲ့ရသူ ဦးမောင်အိတွင် ဝဲဘက်နောက်စေ့ ပေါက်ပြဲစုတ်ပြဲဒဏ်ရာ(၂)ချက် နှင့် ယာဘက် မျက်ခုံး အထက် ချိုင့်ဝင်ဒဏ်ရာ ၁ ချက် ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သွားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဆိန်ဖြင့်ခုတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူ မြင့်ဆွေအား မင်းကင်းမြို့မရဲစခန်းမှ (ပ)၈၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သုတ(ဖီးနစ်)

Top Phoenix Media Group