လှိုင်သာယာမြို့တွင် ချိန်းတွေ့နေသော စုံတွဲထံက ငွေနှင့်ဖုန်း တောင်းသည့် အမျိုးသား နှစ်ဦး အသတ်ခံရ

2020-02-20 15:31:48


လှိုင်သာယာမြို့တွင် ချိန်းတွေ့နေသော စုံတွဲထံက ငွေနှင့်ဖုန်း တောင်းသည့် အမျိုးသား နှစ်ဦး အသတ်ခံရ

လှိုင်သာယာမြို့တွင် ချိန်းတွေ့နေသော စုံတွဲထံက ငွေနှင့်ဖုန်း တောင်းသည့် အမျိုးသား နှစ်ဦး အသတ်ခံရ


ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာ၊ ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက်၌ ဖေဖေါ်ဝါရီ (၁၉)ရက်နေ့ (၇)နာရီခန့်က ချိန်းတွေ့နေသော စုံတွဲထံ ငွေနှင့်ဖုန်း တောင်းသည့် အမျိုးသား နှစ်ဦး အသတ်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။


ပန်းလှိုင်ဂေါက်ကွင်းအနောက်ဘက် မောင်ထွန်းလမ်းဘေး သမီးရည်းစားစုံတွဲ ချိန်းတွေ့နေစဉ် အမည်မသိ အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊ ၎င်းချိန်းတွေ့နေသောစုံတွဲထံမှ ဖုန်းနှင့်ငွေ တောင်းခံသဖြင့် မိန်းကလေးက ဘေးပတ်ဝန်းကျင်ထံသို့ အော်ဟစ် အကူအညီ တောင်းခံစဉ် ဆိုင်ကယ်ဖြင့် ရောက်ရှိသူအမျိုးသား နှစ်ဦးက မအော်ရန် ပြောဆို၍ ဆိုင်ကယ်နောက်မှ စီးနှင်းလိုက်ပါလာသည့် အမျိုးသားတစ်ဦးက သံချောင်းဖြင့် ကောင်မလေးကို ရိုက်နှက်လိုက်တယ်။ ကောင်မလေးက ဦးခေါင်းဒဏ်ရာ ရရှိပြီး ထွက်ပြေးခဲ့ကြောင်း ဆိုတယ်။


“ကောင်းမလေးက ထွက်ပြေးလာပြီး ကောင်မလေး၏ ချစ်သူက အဆိုပါ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် ဖုန်းနှင့်ငွေ တောင်းခံသူ အမျိုးသား နှစ်ဦးနှင့် လုံးထွေး ကျန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


“အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစဉ် ဆိုင်ကယ်ဖြင့် ဖုန်းနှင့်ငွေ တောင်းခံသည့် အမျိုးသား နှစ်ဦးတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေတာ တွေ့ရှိရပြီး၊ ကောင်မလေး၏ ချစ်သူက ထွက်ပြေးသွားကြောင်း” ရဲတပ်ဖွဲ့ထံက သိရသည်။


“ကောင်မလေးကို လှိုင်သာယာ ဆေးရုံသို့ လူနာတင် ယာဉ်ဖြင့် ဆေးကုသရန် ပို့ဆောင်လိုက်ပြီး၊ ပြစ်မှု ကျူးလွန်သော ကောင်မလေး၏ ရည်းစားဖြစ်သူအား စုံစမ်း ရှာဖွေရာ အခင်းဖြစ်ပြီး ၂နာရီခန့်အကြာတွင် ဖမ်းဆီးရမိကြောင်း” ဆိုသည်။


“သေဆုံးသွားသည့် ဖုန်းနှင့်ငွေ တောင်းခံသူ အမျိုးသား နှစ်ဦး၏ အမည်နှင့် နေရပ်လိပ်စာအား စုံစမ်း စစ်ဆေးနေကြောင်း” လှိုင်သာယာ ရဲတပ်ဖွဲ့က ဆိုသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယုယက်မှု ဖြစ်ပွားစဉ် လုယက်သူများကို ဓါးဖြင့် ခုခံထိုးသတ်သည့် ချိန်းတွေ့ စုံတွဲ၏ ကောင်လေးဖြစ်သူ မျိုးသက်လွင် (၃၀နှစ်)၊ ညောင်ကျေးရွာ၊ လှိုင်သာယာမြို့နယ် နေထိုင်သူကို လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၁၂၅၂/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ဖြင့် ဖမ်းဆီး စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


သာခိုင်(မုနိမြီ)

Top Phoenix Media Group