ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မင်းသွေးခန့်နဲ့ မော်ဒယ်မလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

2020-02-20 01:19:37


ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မင်းသွေးခန့်နဲ့ မော်ဒယ်မလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မင်းသွေးခန့်နဲ့ မော်ဒယ်မလေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်


မင်းသွေးခန့်ဟာ အခုနောက်ပိုင်းမှာ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ မော်ဒယ်ကောင်လေးဖြစ်ပြီး ကိုရီးယားမင်းသားလို ညို့ငင်နိုင်လွန်းတဲ့ အပြုံးတွေ၊ ခုန်ချပစ်ချင်စရာ ပါးချိုင့်လေးတွေနဲ့ သွားစွယ်ချွန်ချွန်လေးတွေပိုင်ဆိုင်ထားတဲ့ မြတ်နိုးဖွယ်သက်ရှိလူသားလေးဖြစ်ပါတယ်။ မင်းသွေးခန့်က အခုဆိုရင် မြန်မာမှာတင်မကပဲ ထိုင်းနိုင်ငံမှာပါ ပရိသတ်တွေပိုင်ဆိုင်ထားတဲ့ မော်ဒယ်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ မင်းသွေးခန့်က မကြာသေးမီက Ar-T ရဲ့ S.I.L.E.N.T သီချင်းဗီဒီယိုမှာလည်းပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ကောင်မလေးတွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကိုရရှိပိုင်ဆိုင်ထားသူတစ်ဦးပါ။


လက်ရှိမှာတော့ ပရိသတ်တွေကြားမှာ မင်းသွေးခန့်ရဲ့ ချစ်စရာကောင်းတဲ့ Video ဖိုင်လေးတစ်ခုက ပျံ့နှံ့နေပြီး အဲဒီ video ဖိုင်လေးကြောင့် စိုးရိမ်နေကြတဲ့ ပရိသတ်တွေရော သဝန်တိုဝမ်းနည်းနေကြတဲ့ ပရိသတ်တွေလည်း များပြားနေတာပဲဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုလေးကတော့ tiktok video လေးဖြစ်ပြီး ဗီဒီယိုထဲမှာ အရုပ်မလေးလိုလှတဲ့ ကောင်မလေးတစ်ယောက်က သီချင်းဆိုရင်းနဲ့မင်းသွေးခန့်ဘေးမှာ ချစ်စရာကောင်းတဲ့အမူအရာလေးတွေလုပ်နေတာမြင်ရပါတယ်။ မင်းသွေးခန့်ကတော့ ဖုန်းသုံးရင်းနဲ့ ပါးချိုင့်လေးတွေပေါ်အောင်ရယ်မောနေတာကိုလည်း တွေ့ရပါတယ်။


အဲဒီ ဗီဒီယိုလေးထဲမှာ ကောင်မလေးက မင်းသွေးခန့်ရဲ့ ပခုံးကိုမှီလိုက်တာကိုလည်း တွေ့ရတာကြောင့် ပရိသတ်တွေက ရင်ပူသွားရပြီးကောင်မလေးက ဘယ်သူလဲ၊ မင်းသွေးခန့်နဲ့ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်ဝင်စားမှုတွေများပြားလာခဲ့တာဖြစ်ပါတယ်။ အဲဒီမိန်းကလေးရဲ့ နာမည်ကတော့ Hillary Soe ဖြစ်ပြီး မော်ဒယ်ကောင်မလေးတစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့အချစ်ကိုရရှိထားသူလေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ tiktok video လေးကတော့ MTV ရိုက်ရင်းနဲ့အပျော်ရိုက်ထားတဲ့ ဗီဒီယိုလေးဖြစ်တယ်လို့ပါသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် မင်းသွေးခန့််ရဲ့ ဗီဒီယိုလေးကို comment မှာ ဖော်ပြပေးလိုက်ပါတယ်နော်။


ပရိသတ်ကြီးရော မင်းသွေးခန့်ကို ချစ်ကြလား။ မင်းသွေးခန့်ရဲ့ရှေ့ဆက်လုပ်မယ့်အနုပညာတွေကိုရော အားပေးကြမှာလား။ မင်းသွေးခန့်ပါဝင်သရုပ်ဆောင်ထားတဲ့ Ar-T ရဲ့ Silent သီချင်းကိုရောနှစ်သက်ကြလား။ပြောခဲ့ကြပါဦး။