ဗိုလ်ကြီးရင်ခွင်ထဲက ဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ Mဆိုင်းလူ

2020-02-20 01:18:03


ဗိုလ်ကြီးရင်ခွင်ထဲက ဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ Mဆိုင်းလူ

ဗိုလ်ကြီးရင်ခွင်ထဲက ဓာတ်ပုံလေးတွေကို ချပြလိုက်တဲ့ Mဆိုင်းလူ


M Seng Lu ဆိုတာနဲ့ ခပ်မိုက်ဒီဇိုင်းတွေနဲ့ မော်ဒယ် တစ်ယောက် ဆိုတာ အားလုံး မျက်စိထဲမှာ သွားမြင်ပြီးသားဖြစ်ပါတယ်။ ဆိုင်းလူ ဟာ ပရော်ဖက်ရှင်နယ် Runway Model တစ်ယောက် အဖြစ်ရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့ လှုပ်ရှားမှုတွေကို အားကျပြီး ပရိသတ်တွေက သူကိုအားပေးနှစ်သက်ကြတဲ့ သူတွေရှိသလို ။ အဝတ်စား ဝတ်ဆင်မှုမှာလည်း ဖက်ရှင်ကျ လှပ တဲ့ပုံစံတွေကိုပဲ ရွေးချယ်ဝတ်ဆင်သူတစ်ယောက် အဖြစ်လည်းသိကြပါတယ်။


Seng Lu က ပြီးခဲ့တဲ့ Prais Fashion Week ကိုလည်း Dior Brand နဲ့အတူသွားရောက်ခဲ့ပြီး သူ့ရဲ့ ဖက်ရှင်ကြောင့် နိုင်ငံတကာမီဒီယာ တွေရဲ့ အာရုံစိုက်မှုတွေရပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေ ပေးခံရပါသေးတယ်။ ဒီလိုအောင်မြင်မှုတွေအပြင် အခုဆိုရင် Seng Lu က သူရဲ့ ကိုယ်ပိုင် Clothing Line တစ်ခုကိုတောင် ထုတ်လုပ်ရောင်းချနေပါပြီ။ အဲ့ဒီ Brand ကလည်း အိန္ဒြာကျော်ဇင် တို့လိုနိုင်ငံကျော်တွေတောင် ဝတ်ဆင်တဲ့အထိ အောင်မြင်မှုရရှိလို့နေပါပြီ။ Kendall Jenner တို့လို ကမ္ဘာ့ထိပ်တန်းမော်ဒယ်တွေနဲ့တောင် တွေ့ဆုံခဲ့ဖူးပြီး နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ် M Seng Lu ဟာ ပရိသတ်တွေသည်းသည်းလှုပ်ချစ်တာခံရသူတစ်ဦးလည်းဖြစ်ပါတယ်။


Seng Lu က မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကို စနောက်လိုက်ပြန်ပါတယ်။ အဲဒါကတော့ အခုလတ်တလောခေတ်စားနေဆဲဖြစ်တဲ့ မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကား Crash Landing On You ထဲက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဆိုရီဂျင်းတို့ အတူရိုက်ထားတဲ့ ဓာတ်ပုံလေးမှာဆိုရီဂျင်းနဲ့ မျက်နှာနေရာမှာ သူ့ဓာတ်ပုံလေးကွက်ထည့်ထားတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာတင်ပြီး စနောက်ထားခဲ့တာပါ။ ဆိုင်းလူက ဗိုလ်ကြီးရင်ခွင်ထဲက ပုံလေးတွေကိုတင်ပြီး “Swiss မှာ အေးလဲအေးတယ် နွေးလည်းနွေးတယ် ရှင့်”လို့ တင်ထားခဲ့တာပါ။ ပရိသတ်တွေကလည်း comment တွေမှာ ဗိုလ်ကြီးရဲ့ ဓာတ်ပုံတွေကို မန့်ပြီး ဆိုင်းလူကို ပြန်လည်စနောက်ထားကြတာလေးတွေကို တွေ့ရပါတယ်။


ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် M Seng Lu ရဲ့ ဓာတ်ပုံလေးတွေကို comment မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော Seng Lu ကိုချစ်ကြလား။ Seng Lu ရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ Crash Landing On You ရဲ့ ဇာတ်သိမ်းပိုင်းကိုရော ကြည့်ပြီးကြပြီလား။ ခံစားချက်လေးတွေကိုလည်း ဝေမျှခဲ့ကြပါဦး။