အင်းလေးဖောင်တော်ဦးဘုရားက အမှတ်တရပုံလေးတွေကို မျှဝေပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

2020-02-20 01:00:54


အင်းလေးဖောင်တော်ဦးဘုရားက အမှတ်တရပုံလေးတွေကို မျှဝေပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

အင်းလေးဖောင်တော်ဦးဘုရားက အမှတ်တရပုံလေးတွေကို မျှဝေပေးခဲ့တဲ့ သင်ဇာဝင့်ကျော်


နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ပရိတ်သတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးချောပါ။ အနုပညာလောကကို ငယ်စဉ်ကထဲကဝင်ရောက်ကာ သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်အခိုင်အမာရဲ့ အားပေးမှုကိုရရှိခဲ့ပြီး ယနေ့ထိတိုင်အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် အသိအမှတ်ပြုလက်ခံထားဆဲပါ။



လက်ရှိမှာတော့ သူမက ဆက်စီ modelအဖြစ်နဲ့ ရပ်တည်နေပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုအသွင်ကိုပြောင်းခဲ့ကာ လွတ်လပ်ပေါ့ပါးစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ ဖက်ရှင်များနဲ့အတူ ပုရိသတွေရဲ့ အမြောက်အမြားဝန်းရံအားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။



ယခုတစ်ခါမှာတော့ မြန်မာဝတ်စုံလေးကို လုံခြုံစွာ ဝတ်ဆင်ထားပြီး အင်းလေးဖောင်တော်ဦးဘုရားက အမှတ်တရ ပုံရိပ်လေးတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာရဲ့ အေးချမ်းတဲ့ အလှတွေနဲ့ တွေ့ရတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။