ရေကူးကန်လေးရဲ့ဘေးမှာ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ ဒေါက်တာ ပိုးမမှီသာ

2020-02-19 22:39:14


ရေကူးကန်လေးရဲ့ဘေးမှာ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ ဒေါက်တာ ပိုးမမှီသာ

ရေကူးကန်လေးရဲ့ဘေးမှာ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ ဒေါက်တာ ပိုးမမှီသာ


ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ သိင်္ဂါရသီချင်းလေးကနေ လူသိများလာခဲ့တဲ့ ဒေါက်တာမလေး ပိုးမမှီသာ ဟာဆိုရင် ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားများပါ ရိုက်ကူးနေသူလေးပါ။



ပိုးမမှီသာက ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ “ပိတောက် ကတဲ့ ဂီတ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီ ကျော်သူ၊ စိုင်းစိုင်းခမ်းလှိုင် ၊ အေးမြတ်သူတို့နဲ့အတူ ရိုက်ကူးထားပါသေးတယ်။ထိုဇာတ်ကားကြီးကလည်းရုံတင်ဖို့နီးစပ်နေပြီး ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။



ခုတစ်ခါမှာတော့ ပိုးမမှီသာလေးက ရေကူးကန်လေးရဲ့ဘေးမှာ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးတွေနဲ့ ပျော်ရွှင်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒေါက်တာမလေးရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။