မင်္ဂလာတောင်ညွန့် မီးလောင်မှုကြောင့်အမျိုးသမီးလူကြီး (၂)ဦးနှင့် ကလေး(၁)ဦး သေဆုံး

2020-02-19 22:09:05


မင်္ဂလာတောင်ညွန့် မီးလောင်မှုကြောင့်အမျိုးသမီးလူကြီး (၂)ဦးနှင့် ကလေး(၁)ဦး သေဆုံး

မင်္ဂလာတောင်ညွန့် မီးလောင်မှုကြောင့်အမျိုးသမီးလူကြီး (၂)ဦးနှင့် ကလေး(၁)ဦး သေဆုံး


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇)လမ်းတွင် ယနေ့နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်အချိန်က မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး လူကြီး (၂) ဦးနှင့် ခလေး(၁) ဦး စုစုပေါင်း သုံးဦးသေဆုံး ခဲ့သည်။


ယင်းတို့မှာ မီးခိုးမွှန်၍သေဆုံးကြခြင်း ဖြစ်ပြီး ယခုအခါ သေဆုံးသူ အလောင်းများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သယ်ယူသွားပြီ ဖြစ်ကြောင်းသိရသည်။


“အမျိုးသမီးကြီး တစ်ဦး ၊သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးနဲ့ကလေး(မ)တစ်ဦးလို့ သိရတယ်။နောက်ထပ် ကလေး(ကျား)ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။သူတို့ သုံးယောက်ကတော့ မီးဖိုချောင်ဖက်ကို ဝင်ပြေးတာ မီးခိုးမွှန်လို့အဲဒီလို ဖြစ်သွားတယ်လို့ လောလောဆယ်သိထားပါတယ်”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက Pyi Myanmar ကို ပြောသည်။


ဓာတ်ပုံ-မျိုးကျော်စို


Credit – ပြည်မြန်မာ