တရားမဝင် နှစ်လုံးထီ ရောင်းချသူအား ဖမ်းဆီး

2020-02-19 22:07:11


တရားမဝင် နှစ်လုံးထီ ရောင်းချသူအား ဖမ်းဆီး

တရားမဝင် နှစ်လုံးထီ ရောင်းချသူအား ဖမ်းဆီး


တောင်ငူမြို့ ၊ လဲဘူးကျေးရွာ ၊ နေအိမ်တစ်လုံးတွင် တရားမဝင် နှစ်လုံးထီ လောင်းကစား ဒိုင်ပြုလုပ်နေကြောင်း သတင်းအရ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃နာရီဝန်းကျင်အချိန်က သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့​ကြကြောင်းသိရပါတယ် ။


တောင်ငူမြို့ ၊ လဲဘူးကျေးရွာနေ ဒေါ်ချိုမာ ( ၄၇ )နှစ် ၊ ( ဘ ) ဦးလှ နေအိမ်တွင် တရားမဝင် နှစ်လုံးထီ လောင်းကစားနေကြောင်း သတင်းအရရှာဖွေခဲ့ရာ ဒေါ်ချိုမာအား နေအိမ်အောက်ထပ် ကုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိခဲ့​ပြီး ၄င်းနှင့်အတူ နှစ်လုံးထီ စာရွက်စာတမ်းများ ၊ လောင်းကစား ကရိယာများ ၊ လောင်းကြေးငွေ​များနှင့်အတူ တွေ့ရှိခဲ့ကြောင်း မှတ်တမ်းများအရသိပါတယ် ။


တရားမဝင် နှစ်လုံးထီ လောင်းကစားရာတွင်းအသုံးပြုသော စာရွက်စာတမ်းများ ၊ လောင်းကစားကရိယာများ ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဒေါ်ချိုမာ အား တောင်ငူမြို့ အမှတ် ( ၂ )နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းသိရပါတယ် ။


နေလင်းအောင်(တောင်ငူ)


#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေး၊ ပြည်သူ့ အသံ ဖော်ဆောင်ရေး နှင့် သတင်းမှန် မီဒီယာ