ဝယ်ပေးထားတဲ့ အဝတ်အစားတွေ ပြန်တောင်းရာမှ သက်ငယ်မုဒိန်းမှု ပေါ်ပေါက်

2020-02-19 22:06:39


ဝယ်ပေးထားတဲ့ အဝတ်အစားတွေ ပြန်တောင်းရာမှ သက်ငယ်မုဒိန်းမှု ပေါ်ပေါက်

ဝယ်ပေးထားတဲ့ အဝတ်အစားတွေ ပြန်တောင်းရာမှ သက်ငယ်မုဒိန်းမှု ပေါ်ပေါက်


ငါဝယ်ပေးထားတာပြန်ပေးလို့တောင်းမိသူ အခုတော့ မုဒိမ်းမှုနဲ့အမှုဖွင့်ခံရပြီ


ကောင်မလေးကိုသားမယားပြုကျင့်ဖို့ အဝတ်အစားအသုံးအဆောင်ဝယ်ပေးတယ်၊ အခုကောင်မလေးနဲ့မတွေ့ရတော့ ငါဝယ်ပေးထားတာ ပြန်ပေးလို့တောင်းတယ် ကဲအခုတော့အဖမ်း ခံရပြီ


ကလောမြို့နယ်-ကလောမြို့မှ ကိုးတန်းကျောင်းသူ မ—–သည် 2-1-2020နေ့က ညနေငါးနာရီတိုင်အောင် အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင်​့ မိသားစုက သက်သေများနှင့်အတူ လိုက်လံရှာဖွေရာ ကလောမြို့၊ အမှတ် (၃) ရက်ကွက်ရှိ ဘူတာလိုင်းခန်းမှ သမီးဖြစ်သူ ထွက်လာသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ ယင်းလိုင်းခန်းနေ ဘူတာလုပ်သား စောပြည့်အောင် ဆိုသူ က သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသဖြင့်ဖခင်ဖြစ်သူက သမီးကို မိသားစု အရှက်မရစေရေးအတွက် အခြားတစ်နေရာသို့ ပို့ဆောင်ခဲ့ပါသည်။




ထိုသို့ ပြုလုပ်ခြင်းကြောင့်စောပြည့်အောင်က ၎င်းဝယ်ယူပေးခဲ့သည့် အဝတ်အစားများနှင့် အမျိုးသမီး အသုံးအဆောင်များကို ပြန်ရလိုကြောင်း စာဖြင့် တောင်းခံလာသည့်အတွက်မိဘအုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသော သမီးဖြစ်သူကို ကာမသွေးဆောင်ရယူခဲ့သူစောပြည့်အောင်အား ဖခင်ဖြစ်သူက တိုင်တန်းချက်အရ မိဘအုပ်ထိန်းမှုအောက်ရှိ အမျိုးသမီးငယ်အား ဖျားယောင်းသွေးဆောင်၍ ကာမပြုကျင့်ခဲ့သူစောပြည့်အောင်အား ကလောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ကလော(SHအဖွဲ့)