ကပ်ရောဂါများနှင့် ယှဉ်တွဲပါလာတတ်သည့် ကြေကွဲဖွယ် အနိဋ္ဌာရုံများ ဘာ့ကြောင့်ဖြစ်

2020-02-19 21:55:43


ကပ်ရောဂါများနှင့် ယှဉ်တွဲပါလာတတ်သည့် ကြေကွဲဖွယ် အနိဋ္ဌာရုံများ ဘာ့ကြောင့်ဖြစ်

ကပ်ရောဂါများနှင့် ယှဉ်တွဲပါလာတတ်သည့် ကြေကွဲဖွယ် အနိဋ္ဌာရုံများ ဘာ့ကြောင့်ဖြစ်


မှတ်တမ်းတင်ပြီး လူတို့သမိုင်းတွက် ကြောက်မက်ဖွယ် ရောဂါကပ်ဆိုးကြီးများ အကြိမ်ကြိမ်ကျရောက်ခဲ့ဖူးသည်။


♦ #ဂျပ်စတင်နီယန်ပလိပ် (အေဒီ ၅၄၁) ပထမဆုံးသော (အကျိတ်ထွက်သော) ပလိပ်ရောဂါကပ်ဆိုးဟု ယူဆကြသည်။ ပထမ အီဂျစ်တွင် ဖြစ်ပွားပြီး ထို့နောက် ဘိုင်ဇင်တိုင်းအင်ပါယာတစ်လျှောက်လုံး၊ မြေထဲပင်လယ်တစ်ကြောလုံး ပျံ့နှံ့သွားသည်။ ရာစုနှစ် ၂ ခုကြာမျှ ဖြစ်ပွားခဲ့ရာ ပလိပ်ရောဂန္တရကပ်အတွင်း ခန့်မှန်း လူ သန်း ၅၀ သေဆုံးခဲ့ပြီး ယင်းမှာ ထိုခေတ်က ကမ္ဘ္ဘာ့လူဦးရေ၏ ၂၆% ခန့် ဖြစ်သည်။


♦#သေမင်းနက် (၁၃၅၀-ခုနှစ်) တစ်ကမ္ဘ္ဘာလုံး ပလိပ်ရောဂါကပ်ဘေးသင့်ခဲ့ပြီး ဆိုးဆိုးဝါးဝါး သေကျေပျက်စီးခဲ့ရသည်။ထိုခေတ်ထိုအချိန်က ကမ္ဘ္ဘာ့လူဦးရေ သုံးပုံတစ်ပုံ ပျက်သုဉ်းသွားသည်။ ယခုထက်ထိတိုင် ပလိပ်ရောဂါ ကို လုံးဝအပြီးအပိုင် အမြတ်ဖြတ်မရှင်းလင်းနိုင်သေးပါ။ လတ်တလောနှစ်များအတွင်း ပလိပ်ရောဂါဖြစ်ပွားမှုများ ရှိခဲ့သည်။


♦ #လန်ဒန်ပလိပ်ရောဂါဆိုးကြီး (၁၆၆၅- ခုနှစ်) ပလိပ်ရောဂါဆိုးကြီးအတွင်း လန်ဒန်လူဦးရေ၏ ၂၀% ခန့် ပျက်သုဉ်းသွားခဲ့ရသည်။ နူရာဝဲစွဲလဲရာသူခိုးထောင်းဆိုသလို လန်ဒန်သားတို့ ပလိပ်ရောဂါမှ နလန်ထစ ရှိတုန်း ၁၆၆၆ တွင် လန်ဒန်မီးကြီး လောင်ကျွမ်းခဲ့သည်။


♦ #ဝမ်းရောဂါဆိုး (၁၈၁၇ – ခုနှစ်)နှစ်ပေါင်း ၁၅၀ ကာလအတွင်း ဝမ်းရောဂါကပ်ဆိုး ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ရုရှတွင် စတင်ဖြစ်ပွားပြီး ကမ္ဘ္ဘာတဝှမ်းပျံ့နှံ့သွားသည်။ လူ ၁၅၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့သည်။ (၁၈၅၂ -ခုနှစ်) တတိယဝမ်းပျက်ဝမ်းလျှောကပ်ဆိုးမှာ သမိုင်းတလျှောက် ဖြစ်ပွားခဲ့သမျှသော ဝမ်းပျက်ဝမ်းလျှောရောဂါကပ်ဆိုးများအနက် အဆိုးဝါးအပြင်းထန်ဆုံးဖြစ်သည်။ ၁၈၅၂ မှ ၁၈၆၀ ကြားဖြစ်ပွားသည့် ယင်းကပ်ဆိုးအတွင်း လူ တစ်သန်းခန့် သေဆုံးခဲ့သည်။

 

♦ #စပိန်တုပ်ကွေး (၁၉၁၈-ခုနှစ်) ယင်းကြက်ငှက်တုပ်ကွေးသည် တရုတ်မှ စတင်သည်ဟု ယူဆရသည်။ ကနေဒါမှတစ်ဆင့် ဥရောပသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ရောဂါကပ်ဆိုးသည် တစ်နှစ်မျှသာ ကြာမြင့်ခဲ့ သော်လည်း ထိုအတောအတွင်း ကမ္ဘ္ဘာတလွှား လူ သန်း ၅၀ သေဆုံးခဲ့သည်။


♦ #အာရှတုပ်ကွေး (၁၉၅၇-ခုနှစ်) ဟောင်ကောင်တွင် စတင်ဖြစ်ပွားပြီး တရုတ်၊ အမေရိကန်နှင့် အင်္ဂလန်သို့ ကူးစက်ပြန့်ပွားသွားသည်။ ယင်းကပ်ဆိုးအတွင်း လူ ၁.၁ သန်း ဝန်းကျင် သေဆုံးခဲ့သည်။


♦ #HIV/AIDS (၁၉၈၁-ခုနှစ် ) ၁၉၈၀ ပြည့်လွန်နှစ်များတွင် အမေရိကန်၌ HIV/AIDS ဝေဒနာရှင်များ မှိုလို ပေါက်လာခဲ့သည်။ HIV ဗိုင်းရပ်စ် သည် အာဖရိက ချင်ပန်ဇီမျောင်ဝံများမှ အစပြုသည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထားသည်။ AIDS နှင့် ဆက်စပ်ရောဂါများကြောင့် လူ ၃၅ သန်းကျော် သေဆုံးပြီးဖြစ်သည်။


၎င်းတို့မှာ ယခင်က နိုင်ငံတကာတွင် လူသန်းချီသေဆုံးခဲ့ရသည့် ကပ်ရောဂါများအနက် အချို့ဖြစ်ပါသည်။ ပလိတ်ရောဂါ- ကျောက်ရောဂါ- ဝမ်းရောဂါတို့သည် မြန်မာပြည်၌လည်းဖြစ်ပွားခဲ့ဖူးပြီး လူထောင်ချီသေဆုံး- သောင်းချီထွက်ပြေးခဲ့ကြရာ မြို့ပျက်- ရွာပျက်ကြီးများအသွင် ဖြစ်ခဲ့ဖူးကြောင်း မှတ်သားရသည်။


ထိုကဲ့သို့ ကပ်ရောဂါဆိုးကြီးများ ကျရောက်သည့်အခါ ၎င်းတို့နှင့်အတူ ယှဉ်တွဲပါလာတတ်သည့် ကြေကွဲဖွယ် အနိဋ္ဌာရုံများ ဖြစ်ပွားတတ်သည်။ ၎င်းမှာ ရောဂါပြန့်ပွားအောင် ပြုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် အပြစ်မရှိသူများ အသတ်ခံရခြင်းပင်ဖြစ်ပါသည်။


ပလိပ်ရောဂါမှာ Yersinia pestis ဘက်တီးရီးယားကြောင့် ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက ရှာဖွေမတွေ့မီ ရောဂါဆိုးကျရောက်အောင် ပြုစားသည်စွပ်စွဲချက်ဖြင့် အပြစ်မရှိသူများအား သတ်ဖြတ်ခံရသည်။ စိတ်ဆိုးနေ သော နတ်ဘုရားများအား ပူဇော်ပသရန် တိရစ္ဆာန်များကိုသာမက လူကိုလည်း သတ်ဖြတ်ခဲ့ကြသည်။ သေဆုံး အလောင်းများကို ကောင်းမွန်စွာ သဂြိုၤလ်ခြင်းမရှိ၍ ခွေးဝက်များစားရာမှ ရောဂါပိုမိုပျံ့နှံ့ရသည်။ ၁၇၇၁-ခုနှစ် ရုရှားနိုင်ငံ၌ ပလိပ်ရောဂါကျရောက်စဉ် ကြောက်ရွံ့ဒေါသဖြစ်နေသူများ ဆူပူရာမှ အဓိကရုန်းများပင် ဆက်တိုက်ဖြစ်ပွားသည်။ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကြောင့် ကူးစက်လူသေဆုံးရကြောင်း သိကြပြီးဖြစ်သော်လည်း အကြောက်တရားက အသိဉာဏ်ကို ဖုံးလွှမ်း၍ဖြစ်စေ၊ စိတ်ရူးပေါက်၍ဖြစ်စေ လူသတ်မှု အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်မိတတ်သည်။


ရှေးယခင်ကပင် လူတို့၌ ဖျားနာသေဆုံးစေသော ရောဂါပိုးမွှားတို့ကို လက်နက်သဖွယ် အသုံးပြုကြောင်း သမိုင်းရှိပါသည်။ ပထမ-ဒုတိယကမ္ဘ္ဘာစစ်ကြီးများနှင့် စစ်ကြီးပြီးသည့်တိုင် ဇီဝလက်နက်သုံးကြောင်း မှတ်တမ်းများရှိ သည်၊ သို့သော် အကြောင်းအရာအချို့မှာ သက်သေမပြနိုင်သော စွပ်စွဲချက်များဖြစ်ပြီးလျှင် အချို့မှာ အထောက်အထား ခိုင်မာသော်လည်း အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ခဲ့ပါ။


မည်သည့်စွပ်စွဲချက်မဆို အခိုင်အမာသက်သေမပြနိုင်သရွေ့ အပြစ်မရှိပါ။


ယနေ့ခေတ်အခါသည် နျူကလိယပ်စ်ကို လက်နှင့်ကိုင်ကြည့်သလို လုပ်နိုင်ပြီး တရှိန်ထိုးဖွံ့ဖြိုးလာနေသော ဇီဝအင်ဂျင်နီယာပညာမှာ သက်ရှိတို့ ဒီအင်အေကို အိမ်ဆောက်သလိုနီးပါး ဆောက်နိုင်ကြပါပြီ။ ပညာရပ်အတွက် သက်ဆိုင်ရာအစိုးရအား အာခံလျှက် အသက်စွန့်ရဲသော ပညာရှင်များ ကမ္ဘ္ဘာအနံှ့ရှိနေပါသည်။


၎င်းတို့ကျေးဇူးဖြင့် ဇီဝလက်နက်လား သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်လား သိနိုင်၍ နာရီအနည်းငယ်အတွင်း ကမ္ဘ္ဘာက ကြားသိနိုင်ပါသည်။ ကျွန်ုပ်တို့အနေနှင့် သက်ဆိုင်ရာပညာရှင်တို့ တွေ့ရှိအတည်ပြုချက်ကို အချိန်မီ သိရှိရန်သာ လိုအပ်ပါသည်။


ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မတိုင်မီက ရောဂန္တရကပ်ဆိုးကြီးများမှာ ဆရာသန့် Thant Zin Htut ( Singaporean Anyarthar ) ၏ ဖေဖော်ဝါရီ – ၁၇ ဘာသာပြန်မှ ကူးယူဖော်ပြကြောင်း ဝန်ခံပါသည်။


အစဉ်လေးစားစွာဖြင့် – ( ဖေဖော်ဝါရီ – ၁၉၊ ၂၀၂၀ ) Oung Marine