(၅)နှစ်အရွယ် ကျောင်းသူလေးနှစ်ဦးကို လူမ ဆန်စွာ ဆုံးမအပြစ်ပေးခဲ့တဲ့ ဆရာများ

2020-02-19 21:55:20


(၅)နှစ်အရွယ် ကျောင်းသူလေးနှစ်ဦးကို လူမ ဆန်စွာ ဆုံးမအပြစ်ပေးခဲ့တဲ့ ဆရာများ

(၅)နှစ်အရွယ် ကျောင်းသူလေးနှစ်ဦးကို လူမဆန်စွာ ဆုံးမအပြစ်ပေးခဲ့တဲ့ ဆရာများ


ဆရာဆိုတာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ သူတို့ဟာ တပည့်တွေအတွက် ဘဝမှာ မရှိမဖြစ် လိုအပ်ကြသူတွေဖြစ်ပြီး၊ ဒုတိယမိဘတွေဆိုရင်လည်း မမှားပါဘူး။ ဆရာကောင်းရင် တပည့်ပေါင်း ထောင်သောင်းချီ တိုးတက်ရာလမ်း ရှာတွေ့နိုင်သလို၊ ဆရာညံ့ရင် တပည့်တွေ ခါးစည်းခံကြရတတ်ပါတယ်။


အခုလည်း Metro ကနေ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကိုဘာသာပြန်ပေးလိုက်ချင်ပါတယ်။ ထိုင်းနိုင်ငံ ဆူရင်မြို့မှာတည်ရှိတဲ့ မူလတန်းကျောင်းတစ်ခုမှာ စာရွက်တွေ ဖြဲတယ်ဆိုတဲ့ပြစ်မှုနဲ့ လူမမယ်ကျောင်းသူလေး နှစ်ယောက်ကို ကျောင်းဆရာနှစ်ယောက် ပူးပေါင်းပြီး လူမဆန်စွာ အပြစ်ပေးခဲ့ပါတယ်။


အသက် (၅)နှစ်သာ ရှိသေးတဲ့ ကျောင်းသူလေး နှစ်ယောက်ဟာ ပြစ်မှုအတွက် မျက်နှာကို ပုဝါနဲ့အစည်းခံထားရပြီး၊ လက်ကိုလည်း တိတ်နဲ့ ချည်ခံထားရပါတယ်။ ဒီအဖြစ်အပျက်ကို အခြားဆရာတစ်ယောက်က ဓာတ်ပုံသက်သေယူကာ ကျောင်းသူလေးနှစ်ယောက်ရဲ့ မိဘတွေဆီကို ပေးပို့တိုင်ကြားခဲ့ပါတယ်။


ကာယကံရှင်ကျောင်းသူလေးတွေရဲ့ မိဘတွေဟာ ကျောင်းအုပ်ကြီးကို သွားရောက်တွေ့ဆုံကာ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုတော့ ကျောင်းအုပ်ကြီးက အာရုံစိုက်မှုပိုကောင်းအောင် သင်ပေးတာဖြစ်ကြောင်း ဆရာတွေဘက်က အကာအကွယ်ပေးခဲ့ပါတယ်။

 

ဒါပေမယ့် မိဘတွေက ကျေနပ်မှုမရှိဘဲ၊ ဓာတ်ပုံသက်သေနဲ့တကွ ရဲစခန်းနဲ့ အထက်ပညာရေးရုံးကို ဆက်လက်တိုင်ကြားခဲ့ပါတယ်။ အဆိုပါ ကျောင်းဆရာနှစ်ယောက်ကို သူတို့ရဲ့ လူမဆန်တဲ့ အပြုအမူအတွက် လျှော်ကြေးပေးဆောင်စေဖို့ အထက်က အမိန့်ချထားပါတယ်။


ကလေးမလေးနှစ်ယောက်ရဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့သွားခဲ့ပြီး၊ အချို့မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို အခြားကျောင်းမှာ ပြောင်းထားဖို့ လာရောက်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအထဲမှာ အပြစ်ပေးခဲ့ရတဲ့ ကောင်မလေး နှစ်ယောက်လည်း ပါဝင်ပါတယ်။ ကျောင်းဆရာနှစ်ယောက်ဟာ ကာယကံရှင်ကျောင်းသူလေးတွေကို နစ်နာကြေးအဖြစ် ပေါင် (၉၂၅)နဲ့ ညီမျှတဲ့ ထိုင်းဘက် ပေးရမှာလို့ သိရပါတယ်။