မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်ပြီး ရက်စက်စွာ စွန့်ပစ်ခဲ့တဲ့ သားသမီးများ

2020-02-19 21:52:49


မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်ပြီး ရက်စက်စွာ စွန့်ပစ်ခဲ့တဲ့ သားသမီးများ

မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်ပြီး ရက်စက်စွာ စွန့်ပစ်ခဲ့တဲ့ သားသမီးများ


မြေမြိုမယ့်လူတွေ


မြန်မာ သမိုင်းဇာတ်တော်တွေထဲက ရှင်မောဂ္ဂလန် လူ့ဘဝတုန်းက မိဘဖြစ်သူတွေကို ဆွေမျိုးတွေဆီ အလည်သွားရအောင်ဆိုပြီး တောလမ်းတစ်နေရာ အရောက်မှာ သူခိုး၊ဓားပြတွေ လာပြီဆိုပြီး မိဘအရင်းတွေကို ရိုက်နှက်စွန့်ပစ်ခဲ့တဲ့ အကြောင်းကို အားလုံး ကြားဖူးကြမှာပါ။အဲ့ဒီအကြောင် းကိုတောင် အဆိုတော်ခွန်ပေါရမ်းက သီချင်းလုပ်ဆို ထားပါသေးတယ်။


လူတွေဟာ ငယ်ငယ်တုန်းက ကျွေးမွေးခဲ့တဲ့ မေတ္တာကိုမှ မထောက်ပဲ မိဘတွေကို စွန့်ပစ်ကျဖို့ ဝန်မလေးကြတာ တော်တော် စိတ်မကောင်းစရာပါ။အခုလည်း တာချီလိတ်မှာ မျက်မမြင်တဲ့ မိဘကို ထိုင်းမှာ ဆေးကုပေးမယ်ဆိုပြီး လိမ်ခေါ်လို့ လမ်းမှာ စွန်ပစ်ခဲ့တဲ့ အကြောင်းလေးတစ်ခုကို အားလုံး သိအောင် မျှဝေပေးချင်ပါတယ်။


ဒီအကြောင်းကိုတော့ လူမှုကွန်ရက် အသုံးပြုသူ ကိုဇော် ဆိုသူက တင်ပြလာတာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လူမှုကရုဏာအသင်းဥက္ကဌ ကိုစိုင်းမှ ကျွန်တော်တို့ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်းအား အကူညီတောင်းလာပါတယ်။ကဲ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်တို့ရေ့…


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို ဆေးသွားကုပေးမယ်ဆိုပြီး သားသမီးများက မျက်စိနှစ်ဖက်ကန်းနေသော အနန္တဂိုင်းဝင် ကျေးဇူးရှင် မွေးမိခင်ကြီးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ခရစ်ယာန်ဘုရားကျောင်းနားမှာ အမေ ဆေးရုံရောက်ပြီနော် ခဏနေ ဆရာ ဆရာမတွေလာလိတ်မယ်ဆိုပြီး ရက်စက်စွာစွန့်ပစ်သွားတာလို့ပြောပါတယ်…


။ဒေါ် နန်းလူ ရုမ်းတိုင်းရင်းသူ ဗုဒ္ဓဘာသာကိုးကွယ်သူသည် မြန်မာနိုင်ငံ မိုင်းဆတ်မြို့နယ် မိုင်းတွင်း ဖားဟရွာမှာနေထိုင်တယ်သိရပါတယ်။အမေကို အိမ်ပြန်ပို့ပေးပါဆိုပြောတော့ ကျွန်တော့စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိဘူးဗျာ ကျွန်တော်က မိုင်းတွင်း ကားဆရာကို အကူညီတောင်းပြီး ကားခကိုနှစ်ဆပေးလိုက်ပါတယ်


ည၈နာရီ အချိန်တွင်ကားဆရာ ကျွန်တော့်ဆီဖုန်းဆက်တော့ အကိုရေ့ အဘွားအိမ်ပြန်ရောက်ပြီလို့ပြောတယ် ရွာ ဥက္ကဌပါတယ်ဆိုတော့ ကျွန်တော် အတိုင်းမသိ အရမ်းဝမ်းသာတယ်…..။မိဘများသည် သားသမိးများ၏ စွန့်ပစ်ခံဘဝမှ ကင်းဝေးကြပါစေ…..။ဆုတောင်းလျက်ကိုဇော် ကလျာဏမိတ္တ ရှင်မှုကူညီရေးအသင်း(တာချီလိတ်မြို့)


လူမှုကရုဏာအသင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မိဘများ အားလုံး သားသမီးများမိဘကို စွန့်ပစ်ခြင်းမှ ကင်းဝေးကြပါစေ။


လေးစားစွာဖြင့် ခရစ်ဒက် …… MM Republic