အသက် ၄၀ မှာ ကင်ဆာဖြစ်ပေမဲ့ မသေဘဲ ၁၀၆ နှစ်ထိ နေသွားတဲ့ ကမ္ဘာ့အလှပဆုံးအမျိုးသမီးကြီး

2020-02-19 21:36:36


အသက် ၄၀ မှာ ကင်ဆာဖြစ်ပေမဲ့ မသေဘဲ ၁၀၆ နှစ်ထိ နေသွားတဲ့ ကမ္ဘာ့အလှပဆုံးအမျိုးသမီးကြီး

အသက် ၄၀ မှာ ကင်ဆာဖြစ်ပေမဲ့ မသေဘဲ ၁၀၆ နှစ်ထိ နေသွားတဲ့ ကမ္ဘာ့အလှပဆုံးအမျိုးသမီးကြီး


ကင်ဆာဖြစ်ခဲ့ပေမယ့်လည်း သံပယိုရည်ကြောင့် အသက် ၁၀၆ နှစ်ထိ ကျန်းမာစွာနေထိုင်သွားနိုင်တယ်လို့ ပြောရင် ပရိသတ်ကြီးတို့ အံ့သြသွားပါလိမ့်မယ်…တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆောင်းမေလင်းဟာ အသက် ၄၀ အရွယ်မှာ ရင်သားကင်ဆာဖြစ်ခဲ့ပါတယ်…ဒါပေမဲ့ သူမဟာကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အပြင် အသက် ၁၀၆ နှစ်ထိ ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ခဲ့ပါတယ်…


ဆောင်းမေလင်း ကို ၁၈၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ ၁၉၄၉ ခုနှစ်မှာ ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် အမေရိကန်အမျိုးသားအနုပညာအသင်းကြီးက မဲပေးရွေးချယ်ခဲ့ပါတယ်။

ဘာသာစကား ၆ မျိုးတတ်ကျွမ်းပြီး တစ်မူထူးခြားပြီး အရှေ့တိုင်းဆန်တဲ့ သူမရဲ့အလှအပတို့ကြောင့် ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီလို အလှပဆုံးအမျိုးသမီးစာရင်းမဝင်မီ အသက် ၄၀ အရွယ်ကတည်းက သူမဟာ ရင်သားကင်ဆာ ဖြစ်နေခဲ့တာကြောင့် ရင်သားကို ခွဲစိတ်ဖြတ်တောက်ခဲ့ရပါတယ်…


အဲဒီနောက်မှာတော့ သူမဟာ ဆရာဝန်အကြံပေးချက်အတိုင်း ခန္ဓာကိုယ်ထဲက အက်ဆစ်ဓာတ်ကို ပြုပြင်မွမ်းမံဖို့ နေ့စဉ် သံပယိုသီးရည် သောက်ခဲ့ပါတယ်။

သံပယိုသီးရည်ရဲ့အစွမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထုတ်ပေးပြီး အတွင်းကလီစာတွေကို သန့်စင်ပေးပါတယ်။ သံပယိုသီးမှာ စီထရစ်အက်ဆစ် ကြွယ်ဝစွာပါဝင်ပြီးစီထရစ်အက်ဆစ်က

ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ ရေနဲ့ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ် ပြောင်းလဲသွားပါတယ်။


ကာဗွန်ဒိုင်အောက်ဆိုက် ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် အက်ဆစ်ရဲ့ ဂုဏ်သတ္တိလည်း ပျောက်ကွယ်သွားပါတယ်…

ဆောင်းမေလင်း ဟာ ဒီနည်းနဲ့ ရင်သားကင်ဆာဖြစ်ခဲ့တဲ့ အသက် ၄၀ အရွယ်ကနေ အသက် ၁၀၆ နှစ် (၂၀၀၃ ခုနှစ်)ထိ နောက်ထပ် နှစ်ပေါင်း ၆၀ ကျော် ကျန်းမာစွာဖြင့် နေထိုင်နိုင်ခဲ့ပါတယ်။


ဒါကြောင့် စာပရိသတ်ကြီးတို့လည်း အသက်ရှည်လှပချင်ရင် သံပယိုသီးရည်ကို နေ့စဉ်မှန်မှန် သောက်ကြပါလို့ ဆိုလိုက်ပါရစေနော်….အားလုံးကျန်းမာချမ်းသာ အလှတိုးကြပါစေ…


Writer ; Lucky