ကိုယ်တို့ ပြည်သူတွေအကုန် Bond ကို ပုံဝယ်နေတာ “ဒီခံစားချက်” တွေကြောင့်ပဲ…


ကိုယ်တို့ ပြည်သူတွေအကုန် Bond ကို ပုံဝယ်နေတာ “ဒီခံစားချက်” တွေကြောင့်ပဲ…

အိမ်မှာ NUG Bond ဝယ်ဖို့ တိုင်ပင်ကြတယ်။ အိမ်ရှိလူကုန် သမီးအပါအဝင် ၆ ယောက်ဆိုတော့ တစ်ယောက် $500 နဲ့ $3000 တန်ဝယ်မယ်ပေါ့။


အဖေကတော့ အလုပ်စဝင်ပြီဆိုတော့ ပထမဆုံးတစ်ပတ်စာ Pay Slip ကို အလှူခံလိုက်တာ အိုကေတယ်။ အလုပ်မရသေးသူတွေတော့ ကြွေးနဲ့ပေါ့။


သမီးကို ကြပ်တာ။ ပေး… ငါးရာ ဆိုတော့ သူက ဘာလဲတဲ့။ မေမေတို့ အိမ်ပြန်လို့ မရတာ သိတယ်မလား။ အိမ်မှာ လူဆိုးကြီးတွေ ရှိတယ်ဆိုတာလေ။ အေး… မေမေက အဲ့လူဆိုးကြီးတွေကို ချဖို့ ဒညှောင့်ဝယ်မှာ။ အဲ့ဒါ ပေး… ငါးရာ ဆိုတော့ ချက်ချင်း ပေးမယ်ပေးမယ် အော်တော့တာပဲ။


သူ့အဖွားဆီ ပြေးပြီး ဖွားဖွား… ငါးရာပေး ငါးရာပေး၊ မေမေက လူဆိုးကြီးတွေကို ချမှာတဲ့။ ငါးရာပေးဆိုပြီး အတင်းတောင်းတာ။ ပြီးလည်းပြီးရော စားပွဲပေါ်က တစ်ရှူးတွေ ဆွဲလာပြီး ရော့… ငါးရာဆိုပြီး လာပေးရော။


တစ်နေကုန် တွေ့သမျှ စာရွက်တွေ လက်ထဲလာထည့်နေတာ မနည်းတားယူရတယ်။ဒါက စာရွက်တွေလေ။ ငွေလိုတာဆိုတော့ သူ့အရုပ်တွေ သွားရောင်းမယ်တဲ့။ လူဆိုးတွေကို ချပစ်နော် ဆိုတာချည်းပဲ။


ဘာမှ မသိနားမလည်တဲ့ ကလေးတောင် ဒီကောင်တွေကို ဗျင်းချင်နေတာ။ နိုင်ငံရေးတွေ၊ ဘယ်လိုဖြစ်ပျက်ပြီး ဒီရောက်လာတယ်တွေ သူမသိပေမယ့် သူချစ်တဲ့ သူ့အခန်း၊ သူ့အရုပ်တွေ မတရားလုယူခံရတာကို သူသိတယ်။ သူပြန်ရဖို့ သူ့ရှိတာ ပေးချင်တယ်။


အခု ကိုယ်တို့ ပြည်သူတွေအကုန် Bond ကို ပုံဝယ်နေတာ ဒီခံစားချက်တွေကြောင့်ပဲ။ ၂၄ နာရီအတွင်း 10 Million နီးပါးဆိုတာ တစ်ပတ်အလှူခံလို့ မြန်မာငွေ နှစ်သိန်းခွဲရတဲ့ MaALoe တွေ စိတ်ကူးတောင် ယဉ်မရတဲ့ ပြည်သူ့မေတ္တာနဲ့ ယုံကြည်ချက်ပဲ။


ငါတို့ရဲ့ အမိမြေ၊ ငါတို့ချစ်တဲ့နိုင်ငံကို စစ်ဘီလူးတွေလက်က ပြန်ယူဖို့က ငါတို့ပခုံးပေါ်ရောက်လာတဲ့ တာဝန်ပဲ။


ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်ကြမယ်။


ပန်ဆယ်လို