အိမ်ထောင်ကျပြီးခါမှ စန်းထနေတဲ့ ရာသီခွင်များ

2020-02-19 21:32:09


အိမ်ထောင်ကျပြီးခါမှ စန်းထနေတဲ့ ရာသီခွင်များ

အိမ်ထောင်ကျပြီးခါမှ စန်းထနေတဲ့ ရာသီခွင်များ


အပျို၊ လူပျိုဘဝတုန်းကတော့ အဲဒီလောက် ကိုယ့်ကိုကြိုက်မဲ့သူမရှိဘဲ လက်ထပ်ပြီးကာမှ စန်းပွင့်လာတဲ့ သူတွေရှိကြပါတယ်။ သူတို့တွေက ဘယ်ရာသီခွင်တွေဖြစ်မလဲ။ စန်းပွင့်တယ်ဆိုပြီးတော့လည်း ကိုယ့်မှာ လင်ယောင်္ကျား၊ ဇနီးမယားရှိတာကို နောက်တစ်ယောက်တော့ မလုပ်လိုက်လေနဲ့ဦးနော်။ တော်ကြာ အမှုပတ်နေဦးမယ်…။


၁။ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

သူကတော့ အိမ်ထောင်သည်ဘဝမှာ ကျန်းမားရေးကို ဂရုစိုက်လာတာကြောင့် ချောမောလှပနေသူ ဖြစ်ပါလိမ့်မယ်။ ကလေးမွေးပြီးသွားတာတောင်မှ သာမန်မိန်းကလေးတစ်ယောက်လိုပဲ ကျော့မော့နေသူပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းတာကြောင့် စန်းပွင့်နေတာပါ။


၂။ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

သူကတော့ အရင်ကတည်းက အေးအေးဆေးဆေးနေတတ်သူပါ။ လူတွေအပေါ်လည်း သံယောဇဉ်ကြီးသူ ဖြစ်ပြီး နွေးနွေးထွေးထွေး ဆက်ဆံတတ်သူပါ။ လက်ထပ်ပြီးချိန်မှာတော့ ပိုပြီးလို့တောင် သူများအပေါ်မှာ ကောင်းတာကြောင့် လူချစ်လူခင်ပေါများပါလိမ့်မယ်။ ဒီအထဲမှာ ကိုယ့်ကို ရိုးရိုးသားသားထက်စာရင် အချစ်ရေး ဆိုလာချင်တဲ့သူလည်း ပါလိမ့်မယ်။


၃။ ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

သူကတော့ အရင်ကတည်းက ဆွဲဆောင်မှုအပြည့်ရှိသူပါ။ အိမ်ထောင်ကျပြီးချိန်မှာ အိမ်ထောင်ရေးသာယာ တာကြောင့် ပိုပြီးလို့တောင် လှလာပါလိမ့်မယ်။ သူရဲ့အလှကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ယောင်္ကျားတွေရဲ့ ကြိုးစားမှုတွေနဲ့ ကြုံတွေ့ရမှာပါ။ ဒီအချိန်မျိုးမှာ ကိုယ့်ကိုကိုယ်သာ အသိဆုံးဖြစ်မှာပါ။


Writer: Okarko

Source: ChelmoTeam