ဘာသာတရားကိုင်းရှိုင်းမှုမှာ မြန်မာလူမျိုးအချင်းချင်းတောင် ချီးကျူးရတဲ့မြို့

2020-02-19 21:14:42


ဘာသာတရားကိုင်းရှိုင်းမှုမှာ မြန်မာလူမျိုးအချင်းချင်းတောင် ချီးကျူးရတဲ့မြို့

ဘာသာတရားကိုင်းရှိုင်းမှုမှာ မြန်မာလူမျိုးအချင်းချင်းတောင် ချီးကျူးရတဲ့မြို့


ကမ္ဘာပေါ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေထိုင်ပြီး အလှူအတန်း ဒါန ရက်ရောမှုမှာ ပြည့်စုံလွန်းတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ ဒါ့အပြင် ဘုရား တရား သံဃာကို ယုံကြည်ကိုးကွယ်ပြီး ယဉ်ကျေးဖော်ရွေမှုရှိတဲ့ သူတွေဖြစ်ကြပါတယ်။




အခုပြောပြမှာက တကယ်ကို လေးစားစရာကောင်းတဲ့ ထီးချိုင့်မြို့နဲ့ တကောင်းမြို့က ဗုဒ္ဓဘာသာဝင် မြန်မာတွေပါပဲ။ သံဃာတော်တွေ မြို့ထဲကို ဆွမ်းခံကြွလာပြီဆိုတဲ့အခါ အဲဒီမြို့က လူတွေက ဆွမ်းလောင်းလှူ တာတွေအပြင် သံဃာတော်တွေကို အန္တရာယ်မဖြစ်စေဖို့ မော်တော်ယဉ်တွေ၊ ဆိုင်ကယ်တွေ ဖြတ်သန်းမောင်းနှင်တာမျိုး မလုပ်ကြပါဘူး။



လမ်းပေါ်မှာသွားလာနေတဲ့ ယာဉ်တွေအားလုံးကို ရပ်တန့်ပေးထားကြပါတယ်။ ပြီးတော့ ယာဉ်ပေါ်က ဆင်းပြီး သံဃာတော်တွေကို ရိုရိုသေသေနဲ့ ရှိခိုးကြည်ညိုကြပါသေးတယ်။ သူတို့အနားက ဖြတ်သွားပြီဆိုမှ လိုရာခရီး ဆက်သွားကြပါတယ်။


ဘာသာတရားကို ရိုသေကိုင်းရှိုင်းတဲ့ ဒီမြို့သူမြို့သားတွေကို လေးစားချီးကျူးမိပါတယ်….


Writer: Okarko

Source: Myo Taw