ပင်းပက်သံမဏိစက်ရုံက မီတာခကြွေးကျန် ကျပ် ၅၈ သန်းကျော် ကျန်ရှိနေ

2020-02-19 18:01:29


ပင်းပက်သံမဏိစက်ရုံက မီတာခကြွေးကျန် ကျပ် ၅၈ သန်းကျော် ကျန်ရှိနေ

ပင်းပက်သံမဏိစက်ရုံက မီတာခကြွေးကျန် ကျပ် ၅၈ သန်းကျော် ကျန်ရှိနေ


ရှမ်းပြည်နယ် ဟိုပုံးမြို့မှာရှိတဲ့ နပင်းပက်စီမံကိန်းစက်ရုံက လျှပ်စစ်ဓာတ်အားအသုံးပြုခ ကြွေးကျန် ကျပ် ၅၈ သန်းကျော်ကို ပြန်ဆပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

 

ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၈ အစီရင်ခံဟာအရ လျှပ်စစ်ဓာတ်အားအသုံးပြုခ ကြွေးကျန်ရှိနေတဲ့ တီဂျစ်နဂါးဘိလပ်မြေစက်ရုံနဲ့ ပင်းပက်သံမဏိ စီမံကိန်းစက်ရုံ ကြွေးကျန် ပေးသွင်းမှုအခြေအနေကို ရှမ်းပြည်နယ်လွှတ်တော်မှာ ကလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် က မေးမြန်းထားတာပါ။


လက်ရှိမှာ ပင်းပက်သံမဏိ စက်ရုံက ကြွေးကျန် ပေးသွင်းဖို့ ကျန်ရှိနေသေးတယ်လို့ ရှမ်းပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ဖြေကြားခဲ့ပါတယ်။


ပင်းပက်သံမဏိ စက်ရုံက လျှပ်စစ်ဓာတ်အားပေးသွင်းဖို့ အစိုးရကအကြိမ်ကြိမ်တောင်းဆို ပေမယ့် ပေးသွင်းခြင်းမရှိတဲ့အတွက် လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားတာပါ။ ပင်းပက်သံမဏိ စက်ရုံဟာ အမှတ် ၂ စက်မှုဝန်ကြီးဌာနက တာဝန်ယူ လုပ်ဆောင်နေတာလို့ သိရပါတယ်။ Credit: DVB