အောက်တန်းစားလုပ်ရပ်တွေ နဲ့ အထက်တန်းစား စိတ်ဓာတ်တွေ ဇွဲချင်းပြိုင်တဲ့ပွဲ

2020-02-19 15:14:18


အောက်တန်းစားလုပ်ရပ်တွေ နဲ့ အထက်တန်းစား စိတ်ဓာတ်တွေ ဇွဲချင်းပြိုင်တဲ့ပွဲ

အောက်တန်းစားလုပ်ရပ်တွေ နဲ့ အထက်တန်းစား စိတ်ဓာတ်တွေ ဇွဲချင်းပြိုင်တဲ့ပွဲ

 

ဆုံးဖြတ်ပါကိုယ်ဟာ အောက်တန်းစားလား အထက်တန်းစားလား…….

” မရွံဘူးလား? ” လို့ လာမေးတဲ့သူရှိရင် တရေးနိုးတောင် မဟုတ်… ဆယ်ရေးနိုး လာမေးလည်း ဖြေစရာ အဖြေတခုတည်းက ” ရွံလိုက်တာမှ အခုပြန်တွေးရင် အခု ကိုယ့်နှာခေါင်းထဲ အဲ့ဒီမြောင်းပုပ်နံ့တွေပြန်ရတယ်….” ဆိုတာပဲ….


ဒါတောင် ကိုယ်ရောက်သွားတဲ့အချိန်မှာ အမှိုက်တွေ တော်တော်ဆယ်ပြီးနေကြပြီ….


ဆယ်စရာမရှိလောက်တော့ဘူးထင်လို့ ရေမြောင်းတလျှောက် လေးစားစရာလူငယ်တွေ အုံလိုက် ကျင်းလိုက် ( မသိရင် ကိုယ်ကျိုးစီးပွားအတွက် ရွှေလုတူးနေကြသလိုမျိုးကို ) တက်တက်ကြွကြွ နဲ့ စည်းစည်းလုံးလုံး မြောင်းပုပ်ရေတွေကြားထဲ သွားလာနေကြတာကို ဖုန်းနဲ့ FB live တင်ပြီး ဂုဏ်ယူလေးစားစွာ မှတ်တမ်းတင်နေခဲ့တာပေါ့….