ကားချင်းပွတ်မိလို့ကားတခါးဖွင့်ကြည့်ချိန်ပန်းရောင်းသူက။ကားပေါ်ကရွှေငွေအိတ်ခိုးယူ မူဖြစ်ပွား

2020-02-19 11:52:05


ကားချင်းပွတ်မိလို့ကားတခါးဖွင့်ကြည့်ချိန်ပန်းရောင်းသူက။ကားပေါ်ကရွှေငွေအိတ်ခိုးယူ မူဖြစ်ပွား

ကားချင်းပွတ်မိလို့ကားတခါးဖွင့်ကြည့်ချိန်ပန်းရောင်းသူက။ကားပေါ်ကရွှေငွေအိတ်ခိုးယူ မူဖြစ်ပွား

 

ဖြစ်စဉ်မှာ…………..


အမှုဖြစ်စဉ်မှာ၁၇၂၂၀၂၀ရက်နံနက်၅နာရီ၁၅မိနစ်အချိန် ခန့်ကဦးငြိမ်းအေး (၆၇)နှစ်၊မြန်မာ့ဆိပ်ကမ်း(အငြိမ်းစား)၊မ.၆၃၁၊ဂရုနာလမ်း၊(ဋ)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်နေသူသည် မအူပင်မြို့သို့သွားရန်အတွက်နေအိမ်မှTOYOTAကယ်ဒီနာ၊စက်ရုပ်၊အဖြူရောင်၊ယာဉ်အမှတ်9J/…..ကိုယ်ပိုင်ယာဉ်ဖြင့် ထွက်လာစဉ်လှိုင်သာယာမြို့နယ်

အမှတ်(၇)ရပ်ကွက်ရန်ကုန်-ပုသိမ်ကားလမ်း၊အောက်ထိပ်မီးပွိုင့်အရောက်စည်ပင်အမှိုက်ကားနှင့်ပွတ်တိုက်မိသဖြင့်


ကားကိုရပ်ပြီးတခါးဖွင့်ကာအောက်သို့ဆင်းကြည့်နေစဉ်နဘေးမှဖြတ်သွားသောအမည်မသိကားသမားက”ကားပေါ်ကပစ္စည်းခိုးသွားပြီ”ဟုလှမ်းအော်ပြောသဖြင့်၎င်းကကားပေါ်သို့ကြည့်ရာကားပေါ်ရှိကော်ဖီရောင်ဘေးလွယ်အိတ်အသေးမှာပျောက်ဆုံးသွားသဖြင့်ခိုးယူသွားသူကိုလိုက်လံစုံစမ်းရှာဖွေခဲ့သော်လည်းမတွေ့ရှိသဖြင့်ကားပေါ်ရှိအိတ်ထဲတွင်ပါရှိသော

(က)အလေးချိန်(၄)ကျပ်သားခန့်ရှိMCမက်ဒေါနားရွှေဆွဲကြိုး(၁)ကုံး၊တန်ဖိုး(၄၄)သိန်း(ခ)အလေးချိန်(၃)ကျပ်သားခန့်ဆွဲသီးပါMCရွှေဆွဲကြိုး(၁)ကုံး၊တန်ဖိုး(၃၃)သိန်း(ဂ)အလေးချိန်(၃)ကျပ်သားခန့်MCရွှေဆွဲကြိုး(၁)ကုံး၊တန်ဖိုး(၃၃)သိန်း(ဃ)အလေးချိန်(၁)ကျပ်သား(၅)မူးသားခန့်ရှိအုံးဆံကြိုးရွှေဆွဲကြိုး(၁)ကုံး၊တန်ဖိုး(၁၈)သိန်း(c)အလေးချိန်(၁)ကျပ်သားရှိရေလှိုင်းလက်ကောက်(၁)ကွင်း၊တန်ဖိုး(၁၁)သိန်း(စ)အလေးချိန်(၃)မတ်သားခန့်ရှိရွှေလက်ကောက်(၆)ကွင်း(၄)ကျပ်ခွဲသား၊တန်ဖိုး(၄၉၅၀၀၀၀)ကျပ်


(ဆ) အလေးချိန် (၅ )မှူးသားရှိရွှေလက်ကောက်(၇)ကွင်း၊အလေးချိန်၃ကျပ်၅မူးသား၊တန်ဖိုး(၃၈၅၀၀၀၀)ကျပ်(ဇ) အလေးချိန် (၁)ကျပ်(၅)မူးသားရှိပန်းလက်ကောက်(၁)ကွင်း၊တန်ဖိုး(၁၆၅၀၀၀၀)ကျပ်(ဈ)ကျောက်ကြယ်သီး(၅)လုံး၊တန်ဖိုး(၅၅၀၀၀၀)ကျပ်(ည) အလေးချိန် (၁)မတ်သားရှိခြယ်နားကပ်(၁)ရံ၊တန်ဖိုး(၁)ရံ၊တန်ဖိုး(၂၅၀၀၀၀)(ဋ)အလေးချိန်(၁)မတ်သားရှိရွှေပြားကုတ်နားကပ်(၁)ရံ၊တန်ဖိုး(၂၅၀၀၀၀)(ဠ)အလေးချိန်(၁)မတ်သားခန့်ရှိအသဲပုံနားဆွဲ(၁)ရံ၊တန်း(၂၅၀၀၀၀)ကျပ်(ဍ)အလေးချိန်(၁)ကျပ်သားရှိကျားလက်စွပ်(၁)ကွင်း၊တန်ဖိုး(၁၁)သိန်း(ဗ)အလေးချိန်(၅)မူးသားခန့်နှင်းဆီပွင့်ပုံလက်စွပ်(၁)ကွင်း၊တန်ဖိုး(၅၅၀၀၀၀)ကျပ်(ဏ)အလေးချိန်(၅)မူးသားခန့်ရှိပုလဲဆွဲသီး(၁)ခု၊တန်း(၅၅၀၀၀၀)ကျပ်(တ)အလေးချိန်(၅)မူးသားရှိမဝတ်လက်စွပ်(၁)ကွင်း၊တန်ဖိုး(၅၅၀၀၀၀)ကျပ်(ထ)အလေးချိန်(၅)မူးသားရှိကျိုင်းတုံဆွဲကြိုး(၁)ကုံး၊တန်ဖိုး(၅၅၀၀၀၀)ကျပ်(ဒ)၅၀၀၀ကျပ်တန်၅သိန်းအုပ်(၂)အုပ်၊(၁)သိန်းအုပ်(၂)အုပ်၊စုစုပေါင်း(၁၂)သိန်း


ရေထည်နှင့်ငွေစုစုပေါင်း(၂၉၉၅၀၀၀၀)ကျပ်တို့ခိုးယူသွားသူကိုစုံစမ်းဖော်ထုတ်ဖမ်းဆီးပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာလိုှင်သာယာမြို့မရဲစခန်း(ပ)၁၁၇၄/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈၀အရအမုှရေးဖွင့်ကာအမုှစစ်

ကပြစ်မုှကျူးလွန်သူအမြန်ဆုံးဖမ်းဆီးရမိစေရေးမြို့နယ်ရဲတပ်ဖွဲ့မုှးရဲမှူးခင်ဇော်၊စခန်မုှးးဒုရဲမုှးစန်းယု၊အနီးကပ်ကြပ်မတ်မှုဖြင့်နယ်ထိန်းခေါင်းဆောင်ရဲအုပ်လှရွှေ၊အပိုင်နယ်ထိန်းတပ်ကြပ်ကြီးစိုးလွင်ီးနှင့်အတူအခင်းဖြစ်အရပ်သို့ရောက်ရှိစစ်ဆေးခြင်း၊တရားလိုအားအသေးစိတ်စစ်ဆေးခြင်း၊ပြစ်မှုကျူးလွန်သူဖမ်းဆီးရမိစေရန်အတွက်အခင်းဖြစ်အရပ်ရှိCTVမှတ်တမ်းစစ်ဆေးကြည့်ရုှကာရဲဒုတပ်ကြပ်မြတ်စိုးနှင့်အတူကြည့်ရှုရာပန်းရောင်ချသူဖြစ်ကြောင်းသိရှိရသောကြောင့်အခင်းဖြစ်အရပ်သို့သွားရောက်ပြီးအတည်ပြုရာအခင်းဖြစ်အရပ်တွင်လွန်ခဲ့သည့်အချိန်ကပန်းရောင်း


သူများမှာ(၃)ဦးရှိကြောင်းသိရပြီးခိုးမုှကျူးလွန်သူအနီးရှိပန်းရောင်းချသူဦးကရင်ကိုမေးမြန်းရာပေါ်ပေါက်ခြင်းမရှိသဖြင့်ဆက်လက်စုံစမ်းရာအသက်(၆၀)ဝန်းကျင်ရှိပန်းရောင်းသူမှာသောင်ကြားဘုန်းကြီးကျောင်းအနီးတွင်နေထိုင်သည်ဟုသိရှိရသဖြင့်ရဲအုပ်လှရွှေအဖွဲ့နှင့်သွားရောက်အတည်ပြုရာနေ့လည်၁၂နာရီ၂၀မိနစ်အချိန်သောင်ကြားဘုန်းကြီးကျောင်းအတွင်းကမသင်္ကာသူစောစံဖုန်းကိုသက်သေခံဆွဲကြိုး(၄)ကျပ်သားခန့်ကိုလည်ပင်း၌ဆွဲထားသည်ကိုတွေ့ရှိရကာ၎င်းဝတ်ဆင်ထားသည့်အဝတ်အစားများမှာလည်းCCTVမှတ်တမ်းကအတိုင်းဝတ်ဆင်ထားသည်ကိုတွေ့ရှိရသဖြင့်စောစံဖုန်းကိုစစ်မေးခဲ့ရာ၎င်းကျူးလွန်ကြောင်းဝန်ခံသောကြောင့်ကျန်ရှိသည့်ရွှေထည်ပစ္စည်းများနှင့်ငွေများကိုနေအိမ်တွင်သိမ်းဆည်းထားကြောင်းပေါ်ပေါက်


ချက်အရသက်သေရပ်ကွက်အုပ်ချုပ်ရေးမုှးနှင့်အတူသွားရောက်သိမ်းဆည်းရာစောစံဖုန်း(၅၈)နှစ်၊(ပန်းရောင်း )မ မရှိ(ကျူး)၊သောင်ကြားလေးရွာ၊ဆိပ်ကမ်းသာလမ်း၊စက်မှုဇုံ(၄)၊လှိုင်သာယာမြို့နယ်နေသူ၏နေအိမ်အိပ်ခန်းအတွင်းဖျာအောက်က(၁၀)သိန်းကျပ်နှင့်ရွှေ(၂၅၇၅၀၀၀ဝိ)ခန့်အားသိမ်းဆည်းရမိခဲ့ပြီးဆက်လက်စစ်ကြောဖော်ထုတ်ခဲ့ရာသက်သေခံပစ္စည်းသိန်း(၄၀)ကျော်ဖိုးခန့်နှင့်ငွေသား(၂)သိန်းခန့်ကျန်ရှိနေသေးကြောင်းနှင့်ဆက်လက်စစ်ဆေးနေကာသိမ်းဆည်းရမိစေရေးဆောင်ရွက်နေကြောင်းသိရသည်။


လေးစားစွာဖြင့် ခရစ်ဒက် ……စိုးမြင့်အောင်(ထန်းတပင်)S.H

လေးစားစွာဖြင့် ခရစ်ဒက် ……မုှခင်းရုှထောင့်ဂျာနယ်