ချစ်တင်းနှောနေတဲ့ ဗီဒီယိုဖိုင်ပျံ့နှံ့မှုကြောင့် ဘ၀ပျက်လုနီးပါးဖြစ်အောင် ယိုင်လဲသွားခဲ့တဲ့ နာမည်ကြီးအမျိုးသမီးအဆိုတော်

2019-08-12 21:29:38


ချစ်တင်းနှောနေတဲ့ ဗီဒီယိုဖိုင်ပျံ့နှံ့မှုကြောင့် ဘ၀ပျက်လုနီးပါးဖြစ်အောင် ယိုင်လဲသွားခဲ့တဲ့ နာမည်ကြီးအမျိုးသမီးအဆိုတော်

အဆိုတော် Baek Ji Young ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်ဆုံးသော အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာတော့ ရွှေရောင်တောက်ပတဲ့အချိန်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ မှန်ပေမယ့်လည်း တစ်ချိန်တုန်းကတော့ နာကျင်စရာကောင်းတဲ့အတိတ်ဆိုးတွေ ရှိခဲ့ဖူးသူတစ်ယောက်ပါ။ ၁၉၉၉ ခုနှစ်မှာ စတင်ပြီးပွဲဦးထွက်ခဲ့တဲ့ သူမဟာ ၂၀၀၀ ပြည့်နှစ်မှာတော့ ထိုအချိန်တုန်းက သူမရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးသူ Kim Shi Won ရဲ့ အကောက်ကြံခြင်းကို ခံခဲ့ရပါတယ်။


ထိုမန်နေဂျာရဲ့ နာမည်က Kim Ji Won ဖြစ်ပြီး သူမာတို့ ၂ ယောက် ဟိုတယ်အခန်းထဲမှာ ချစ်တင်းနှောနေတဲ့ ဗီဒီယိုကို ထိုသူက Baek Ji Young မသိအောင် တိတ်တဆိတ်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးရိုက်ကူးထားကို သိပြီးနောက်ပိုင်းမှာတော့ Baek Ji Young က မန်နေဂျာကို ပြောင်းလဲဖို့ကြိုးစားခဲ့ပြီး အဲဒီအချိန်မှာပဲ အဆိုပါမန်နေဂျာအဟောင်းဟာ သူ ရိုက်ကူးထားတဲ့ ဗီဒီယိုကို လူအများသိအောင် ထုတ်ပြမယ်လို့ဆိုကာ Baek Ji Young ကို အကြပ်ပ်ကိုင်ခဲ့ပါတယ်။



ဒီလိုအကြပ်ကိုင်ခံနေရတဲ့အချိန်မှာပဲ Baek Ji Young ဟာ မန်နေဂျာအသစ်ပြောင်းလိုက်တာကြောင့် ထိုဗီဒီယိုအခွေဟာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Baek Ji Young ဟာ ဖျော်ဖြေရေးလောကကနေ နှစ်အတော်ကြာပျောက်ကွယ်သွားပါတော့တယ်။


နောက်ပိုင်းမှာတော့ ထိုမန်နေဂျာဆိုတဲ့သူဟာ သူ ဒီလိုမျိုးဗီဒီယိုရိုက်ကူးခဲ့တာက ၁၉၉၈ ခုနှစ်တုန်းကဖြစ်ကြောင်းနဲ့ ဒီလိုမျိုးရိုက်ကူးမှုကိုလည်း Baek Ji Young မသိကြောင်းပြောကာရှင်းပြခဲ့ပါတယ်။ ထို့နောက်မှာတော့ သူဟာ နိုင်ငံခြားကိုထွက်ခွာသွားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ အမေရိကန်ပြည်ထောင်စုမှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။





Baek Ji Young ဟာ ပရိသတ်အရှေ့ကနေ မပျောက်ကွယ်သွားခင်မှာ သူမကိုယ်တိုင် အများပြည်သူကို ၀န်ချတောင်းပန်ခဲ့သော်လည်း လူတွေအများက သူမကို တောင်ကိုရီးယားမှထွက်ခွာသွားဖို့အတွက် ဖိအားပေးခဲ့ကြပါတယ်။ သူမရဲ့ သီချင်းတွေအားလုံးကိုလည်း မထုတ်လွှင့်ဖို့အတွက် ပိတ်ပင်ခံခဲ့ရပြီး ကြော်ငြာကုမ္ပဏီတွေနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေအကုန်လုံးကိုလည်း ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။