အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းလေးမှာ ပြည် သူအာ းလုံး ပါဝင် ပေးကြဖို့ တို က် တွ န်းလာခဲ့တဲ့ ကိုပေါက်


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းလေးမှာ ပြည် သူအာ းလုံး ပါဝင် ပေးကြဖို့ တို က် တွ န်းလာခဲ့တဲ့ ကိုပေါက်

၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲဆိုခံရတဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရော က်ရှိနေပြီး အရေးတော်ပုံအောင်မြင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ တက်ကြွစွာ ပါဝင်နေသူပဲ ဖြစ်ပါတယ်။ ချစ်ရ သူတွေနဲ့ တန်ဖို းရှိတဲ့ အရာတွေကို စွန့်လွှတ်ပြီး အားကြိုးမာန်တက် လုပ်ဆောင်ပေးနေတာကြောင့် ပြည်သူ့ပရိသတ်တွေကလည်း လေ းစားအားကျ နေရတာ ဖြစ်ပါတယ်။



လွတ်မြောက်နယ်မြေ ရောက်နေတဲ့အချိန်လေးမှာလည်း သူရဲကောင်းရဲဘော်တွေအတွက် စားဖိုမှူးတာဝန်ယူထားပြီး အစားအသောက်တွေကို လက်စွမ်းပြ ချက်ပြုတ်ပေးတဲ့အပြင် အခြားအခန်းကဏ္ဍတွေမှာလည်း ပါဝင်အား ဖြည့်နေ တာ တွေ့ရပါတ ယ်။ ဒါ့အပြင် ရောက်နေတဲ့ နေရာမှာလည်း တကယ့်ကို မွန်မြတ်လှတဲ့ အလှူလေးတွေကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ပြုလုပ်ခဲ့ပါသေးတယ်။




ဒီကနေ့မှာတော့ ပြည်သူချစ်တဲ့ ကိုပေါက်ဟာ နိုဝင်ဘာ (၂၅) ရက် နေ့မှာ ကျရော က်တဲ့ ကမ္ ဘာနှင့်အဝ န်း မှာ (၁၆) ရ က်တာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဖဲကြိုးဖြူကမ်ပိန်းလေးမှာ ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီကမ်ပိန်းလေးမှာ ပြည်သူများအားလုံး ပါဝင်ပေးကြဖို့ လေးလေးစားစားနဲ့ တိုက်တွန်းခဲ့ပါသေးတယ်။ အမျိုးသမီးမျ ားအပေါ် အကြ မ်းဖက်မှုပပျောက်ရေးနေ့အတွက် ဖဲကြိုးဖြူကမ်ပိန်းလေးမှာ ပါဝင်ပေးခဲ့တဲ့ ကိုပေါက်ကိုလည်း ပရိသတ်တွေက အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်…။