ကိုယ်ဝန်( ၄ )လ ကြာမှ ခင်ပွန်းနှင့် ရသည့် ကိုဝန်မဟုတ်ဟုဆိုကာ အိမ်နီးချင်းဖြစ်သူ အသက်(၆၀) ရွယ် အမျိုးသားကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြား

2020-02-19 11:51:12

ကိုယ်ဝန်( ၄ )လ ကြာမှ အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားအမှုဖွင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ဘုရားခြေရင်း ကျေးရွာတွင် ဖြစ်ပွားကြောင်း သြဂုတ်လ ၂၄ ရက်နေ့သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ဘုရားခြေရင်းကျေးရွာနေ မ——— ၂၁ နှစ်သည် သြဂုတ် ၂၃ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် တောင်ငူအမှတ်(၃)ရဲစခန်း၌ ၎င်းအားအိမ်နီးချင်းနေ ဦးဝင်းအောင်(၆၀)နှစ်မှ အဓမ္မပြုကျင့်သဖြင့် ကိုယ်ဝန်ရရှိသွားသောကြောင့် အရေးယူပေးရန်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မ- – – – – တွင် ၂ နှစ်အရွယ်ကလေးတစ်ဦးရှိပြီး ကိုယ်ဝန်လည်း ( ၄ )လခန့်လွယ်ထားရကြောင်း၊ ယင်းကိုယ်ဝန်မှာ ခင်ပွန်းသည်နှင့်ရသည့်ကိုယ်ဝန်မဟုတ်ဘဲ လွန်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဧပြီလ ရက်မမှတ်မိသည့် ညအချိန်၌ အိမ်ချင်းကပ်ဦးဝင်းအောင်၏ အလိုမတူဘဲအဓမ္မပြုကျင့်ခဲ့သည့်အတွက် ရရှိသည့်ကိုယ်ဝန်ဖြစ်သောကြောင့် ယခုမှသာအမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း တရားလို၏ထွက်ဆိုချက်အရ သိရသည်။

ပြုကျင့်ခံရသည့်အချိန်တွင် တရားလို၏ခင်ပွန်းဖြစ်သူမှာ အလုပ်ကိစ္စဖြင့် ခရီးလွန်နေချိန်လည်းဖြစ်နေသောကြောင့် ယင်းကိုအခွင့်ကောင်းယူကာ အခင်းဖြစ်သည့်နေ့ ည ၉ နာရီခွဲခန့်တွင် ဦးဝင်းအောင်ကဓားဟုယူဆရသော ချွန်ထက်သည့်အရာဖြင့် ထောက်၍ခြိမ်းခြောက်ကာ အလိုမတူဘဲ နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်ကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး ဦးဝင်းအောင်(၆၀)နှစ်ကိုဖမ်းဆီးပြီး တောင်ငူမြို့မရဲစခန်း၌ (ပ) ၅၃၉/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် …… အလင်းမြေ