ဗယာကြော်သည် ကို ဆိုင်ကယ်စီးလူတဦးက ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားတဲ့အဖြစ်

2020-02-19 11:49:01


ဗယာကြော်သည် ကို ဆိုင်ကယ်စီးလူတဦးက ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားတဲ့အဖြစ်

ဗယာကြော်သည် ကို ဆိုင်ကယ်စီးလူတဦးက ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားတဲ့အဖြစ်

 

18.2.2020 ည (6:45)ခန့် မော်လမြိုင်မြို့ ကမ်းနားလမ်း စထရင်းဟိုတယ်ရှေ့တွင် ဗယာကြော် ရောင်းနေသော အကြော်သည် အား မျက်နှာတွင် Mask တပ်ထားပြီး ဆိုင်ကယ်စီးလာသည့် လူတစ်ဦးမှ ဝင်ရိုက်ပြီးထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ပါသည်။


ရုတ်တရတ် အရိုက်ခံရသဖြင့် ဗယာကြော်သည်မှာ ကြောက်လန့်ပြီး ထွက်ပြေးရာ ဇာမဏီဖိနပ်ဆိုင်ရှေ့နား ပလက်ဖောင်းပေါ်တွင် ရရှိ ထားသော ဒဏ်ရာများကြောင့် သွေးအိုင်ထဲ လဲကျသွားပါသည်။


လူတစ်ဦး ဒဏ်ရာများဖြင့်လဲနေကြောင်း ဖုန်းဆက်အကူအညီတောင်း လာသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွား ရောက်ပြီး ဒဏ်ရာရသူအားကနဦးပြုစုမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ ကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။


ဗယာကြော်သည်၏ အကြော်အိုးမှာ မီးလောင်ကျွမ်းနေသဖြင့် အနီးအနားရှိ လူများမှ သံလွင်မြစ်ထဲသို့ ပစ်ချလိုက်ပြီး ခြင်းတောင်းပဲ ကျန်ရှိနေသဖြင့်၎င်းခြင်းတောင်းအား ဗယာကြော်သည်၏ အမျိုးသမီး ထံ အပ်နှံပေးခဲ့ပါသည်။


ခရက်ဒစ် – မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ 09 784 784 199၊ 09 785 785 199၊ 09 260 144 199